"အိမ်ပြန်ရောက်လျှင်ရောက်ချင်း Message ပို့ဖို့ တစ်ဖွဖွ မှာနေသေးသည် အားလုံးရဲ့ မေတ္တာတရားတွေကို အခုမှ သေချာခံစားမိလာရ"
**************
ညကအိပ်ပျော်သော်လည်း သက်တောင့်သက်သာ မရှိလှပါ အပြင်အဝတ်အစားတွေနဲ့ အိပ်လိုက်ရတာကိုး။ မနက်စားပြီးတော့ ကျောင်းသို့ထွက်လာခဲ့သည် ဂိတ်တံခါးတော့ပွင့်နေ၏ ဘုရားဝတ်ပြုဆောင်နှင့် လှေကားကိုတော့ သော့ခတ်ထားသည် ဖုန်းခေါ်တော့လဲ မကိုင်ပါ။
ထိုအချိန်ဝင်းထဲကို ခွေးတစ်ကောင်ဝင်လာ၏။ အခုမှပဲ ကိုယ့်နေရာကို ကွက်ကွက်ကွင်းကွင်း မြင်လာသည် ခွေးလောက်တောင် နေရာမရပါလား။ အကြိမ်ကြိမ်ခေါ်သော်လည်း တစ်ခေါက်မှ မကိုင်ပါ မိမိလဲ အကြာကြီးစောင့်နေလို့ မဖြစ် ကိုယ်အမြတ်နိုးဆုံး လက်ဆောင်ပေးခဲ့ဖူးသော အစ်မရဲ့ အမေက သူ့အိမ်လာဖို့ဖိတ်ခေါ်နေသည် ။ Hotel မှာ နေရတာထက်တော့ အများကြီး ကောင်းလိမ့်မယ် တစ်နေရာရာ သွားချင်ရင် အန်တီ့ကို လမ်းမေးလို့ ရနိုင်သည်လေ။ ဟိုမှာတည်းက အဆင်သင့်ရေးယူလာသော စာကို လှေကားမှာ ထားခဲ့ပြီး စာထားခဲ့ကြောင်း Message ပို့ထားလိုက်သည်။အန်တီ့အိမ်ကို သူငယ်ချင်း မောင်လေးလိုက်ပို့၏ Passport ရယ် အဝတ်အစားသုံးစုံရယ် ကိုကျောပိုးအိတ်ထဲ ထည့်ပြီး သူနဲ့အတူထွက်လာခဲ့သည်။ ဆိုင်ကယ်စီးလေ့စီးထ မရှိသော ကိုယ့်အတွက်တော့ သူပခုံးကို အားနဲ့ဖိပြီးမှ အတက်အဆင်း လုပ်နိုင်သည်။ သွားလိုရာ နေရာရောက်တော့
" Sanjana ရေ နင်တော့ ဒီအခိုက်အတန့်တွေကို သတိရနေတော့မှာပဲ ငါ့ပုခုံးကို အားနဲ့ဖိပြီး အတက်အဆင်းလုပ်ရတာလေ ဟားဟား "
" ဟုတ်ပါ့ ဟုတ်ပါ့ ဆိုင်ကယ်စီးလေ့စီးထ မရှိဘူးဟ"
" အေးပါ အခု ငါနင့်ကို ထားခဲ့လို့ဖြစ်မလား တစ်နေရာ သွားစရာ ရှိသေးလို့ ဂရုစိုက်ပါနော် အကူအညီလိုရင် ငါ့ကို အချိန်မရွေး ဖုန်းဆက်လိုက် အားရင်ကူညီပေးမယ်"
" ဟုတ်ပါပြီ"
သူထွက်သွားတော့ အန်တီ့ကို ရပ်စောင့်နေမိသည် ။ သူ့သမီးနဲ့ အရမ်းရင်းနှီးသော်လည်း အန်တီ့ကို အပြင်မှာ
မတွေ့ဖူးသေး Di ကိုလဲ လာမည့်အကြောင်း မပြောထားသေး။ ကိုယ့်ကို မြင်တော့ အန်တီက နွေးနွေးထွေးထွေး ပွေ့ဖက်နှုတ်ဆက်သည်။ သူ့အိမ်မှာလဲ သက်တောင့်သက်သာ နေစေပါသည် အန်တီက သမီးနှစ်ယောက်စလုံး Germany မှာမို့ အိမ်မှာ တစ်ယောက်တည်း။
KAMU SEDANG MEMBACA
တောင်အာရှဆီမှ နှလုံးခုန်သံ
Nonfiksiအစတည်းက မှားယွင်းနေတဲ့ ရင်ခုန်သံတွေဆိုရင်တောင် ပျက်စီးစေလိုတဲ့ ဆန္ဒလုံးဝ မရှိခဲ့တာကိုတော့ သိစေချင်တယ် အစ်မရယ်