"ငါ၏ စိတ်အစဥ်သည် သင့်ထံပါး၌သာ ညိတွယ်နေ
သည်ဖြစ်ရာ သင့်ရယ်မောသံ၊ ပျော်ရွှင်ခြင်းတို့နှင့်အတူ ငါ့စိတ်နှလုံးလည်း ကခုန်လျက်ရှိကြပေသည် "**************
သုံးယောက်သား ဘုရားကနေ ပြန်ခဲ့တော့ ညနေစောင်းနေပြီ ကြားရက်မဟုတ်တော့ ကားက လူသိပ်မကျပ် ဟိုနှစ်ယောက်ကိုကြည့်တော့ ပျော်နေပုံရတာမို့ ကိုယ်လည်း ကျေနပ်ပါသည်။ ပြန်ဖို့ နည်းနည်းစောသေးတာရယ်၊ ဂမုန်းပွင့် ခဏဝင်ပြီး ဟိုကြည့်
ဒီကြည့် လုပ်ချင်တာရယ်ကြောင့် မြေနီကုန်း မှတ်တိုင်မှာ ဆင်းလိုက်သည် သူတို့နှစ်ယောက်ကတော့ ဆက်လိုက်သွားကြ၏။ Shopping Center တွေက ကြီးသော်လည်း ဂမုန်းပွင့်က ပစ္စည်းပိုစုံ၏။ခြေလှမ်းတို့က ဒီလိုနေရာမျိုးတွေရောက်တိုင်း ကိုယ့်အာရုံကို အဖမ်းစားနိုင်ဆုံးဖြစ်သော စာရေးကိရိယာ တန်းကို ဦးတည်ပြီးသား။ snow ball လေးတွေ၊ ဘောပင်လှလှလေးတွေ စာအုပ်လှလှလေးတွေမြင်ရင် အရမ်းသဘောကျသည်။ လှည့်ပတ်ကြည့်ရှုရင်း Photo Frame ထားတဲ့တန်းဘက် ရောက်တော့ ပန်းရောင် အနားသတ်ထားသော ဘောင်လေးပေါ်မှာ ဝက်ဝံလေး နှစ်ကောင် ထိုင်နေသည့် Photo Frame က အမြင်အာရုံကို ညို့ယူသွားသည် ဒါပေမယ့် ချက်ချင်း ဝယ်လိုက်ဖို့တော့ မစဥ်းစာသေး ဘာလို့ဆိုယွန်းက လက်ဆောင်ပေးရင် တစ်သက်လုံးအတွက် အမှတ်တရ ဖြစ်စေချင်သည့် အပြင် အဓိပ္ပါယ်လေးတွေနှင့်ပေးလေ့ရှိ၏။ ဒါကြောင့်မို့ Photo Frame ထက် လေးနက်မယ့် ပစ္စည်းတစ်ခုခု ပေးရင်ကောင်းမလား စဥ်းစားရင်း ချီတုံချတုံ ဖြစ်နေခြင်းပင်။
လက်ထဲ ကျန်သော ပိုက်ဆံရယ် သူ့မွေးနေ့အမှီ ထပ်စုနိုင်လောက်မည့် ပမာဏကို ပေါင်းကြည့်လိုက်တော့လဲ ဒါလေးကသာ အကောင်းဆုံးရွေးချယ်မှု ဖြစ်နေပြန်၏။ စျေးကများသည်ဟု မဆိုသော်လည်း အခုချက်ချင်း မဝယ်နိုင်သော အခြေအနေမို့ နှမြောတသခြင်းကြီးစွာနဲ့ ပြန်ချထားခဲ့ရသည်။အိမ်အပြန်ခြေလှမ်းတို့က လေးပင်စွာ။ ဘဝက တကယ်ခါးသည် တက္ကသိုလ် Canteen မှာ နေ့လည်စာ မစားနိုင်ခဲ့တာကိုတောင် ဝမ်းမနည်းမိ ဒီလိုမျိုး ကိုယ်မြတ်နိုးရတဲ့ သူအတွက် လက်ဆောင်ကိုတောင် ချက်ချင်း မဝယ်နိုင်သည့် ကိုယ့်အဖြစ်ကိုတော့ ယူကြုံးမရဖြစ်မိသည်။
YOU ARE READING
တောင်အာရှဆီမှ နှလုံးခုန်သံ
Non-Fictionအစတည်းက မှားယွင်းနေတဲ့ ရင်ခုန်သံတွေဆိုရင်တောင် ပျက်စီးစေလိုတဲ့ ဆန္ဒလုံးဝ မရှိခဲ့တာကိုတော့ သိစေချင်တယ် အစ်မရယ်