Episode 9 - တောင်အာရှဆီမှ နှလုံးခုန်သံ

63 3 0
                                    

"မျက်လုံးတို့ကို မှိတ်ပြီး အိပ်စက်ခြင်းဆီ ဦးတည်လိုက်သော်လည်း ပါးပြင်ပေါ်က အကြောတွေ မပြေလျော့သေးတာကတော့ သူမမှာပဲ တာဝန်ရှိသည် "

***********

ငလျင်ဒဏ်ကြောင့် သူတို့ အိမ်လေး ပါသွားခဲ့ပေမယ့် မိသားစုတွေ အားလုံး အသက် အန္တရာယ် ကင်းတာမို့ စိတ်အေးရပါသည်။ ယွန်းလည်း တစ်ဖက်က စာသင် တစ်ဖက်က Organizations တော်တော်များများမှာ လုပ်အားပေးနေသောကြောင့် စကားသိပ်မပြောဖြစ်ကြ ပြီးတော့ သူတို့ကျောင်းလေးလဲ ဘေးကင်းတာမို့ စိတ်ချလက်ချ ပဲနေနေလိုက်တော့သည်။

မိုးရေစက်တို့ကလည်း ဒီနေ့မှ အစွမ်းကုန် အညိုးနဲ့ ရွာချနေသလိုပင်။ တစ်တောက်တောက်ကျနေသော မိုးရေစက်အသံတွေကို နားထောင်ရင်း စကားတွေ ပြောခဲ့ကြတဲ့ အချိန်ကို ပြန်တွေးမိတော့ အလွမ်းတို့က ရင်ထဲမှာ လှိုက်တက်လာပြန်သည်။ ဖြစ်နိုင်ရင် စကားတွေ နေ့တိုင်း ပြောချင်ပေမယ့် ဘာအလုပ်မှ မလုပ်ပဲ သူ့ဆီ တွယ်ကပ်နေသည်လို့ မထင်စေလိုသောကြောင့် တစ်လတစ်ခေါက်လောက်ပဲ စကားပြောဖြစ်သည်။

သူ့အကြောင်းတွေးမိတဲ့ အချိန်တွေနည်းသွားအောင် စာကိုဖိလုပ်သည်။ လုပ်သာလုပ်ရတာပါ Essay တစ်ပုဒ်ရေးပြီးတိုင်း သူ့ကိုတစ်ခါလွမ်းရတာ နာရီဝက်လောက်ကြာသည်။Weekdays တွေဆို American Center ပုံမှန်သွားပြီး TOEFL ဖြေဖို့
ကိုယ့်ဘာသာကိုယ် လေ့လာဖြစ်သည်။ စာမေးပွဲကြေးတောင် အနိုင်နိုင်ပေးရမည့် ဘဝမို့ သင်တန်းဘက်တော့ ခြေဦးမလှည့်နိုင်ပါ။

ဒီနေ့လည်း စာသင်ဖို့ မရှိတာမို့ ပဲခူးကလပ်ဘက်ကို စာလုပ်ဖို့ထွက်လာခဲ့သည်။ စာကတစ်နေကုန် တစ်နေခန်း လုပ်ရသော်လည်း နေ့လည်စာ အပြင်မှာဝယ်မစားနိုင်တဲ့ ဘဝ သမားမို့ Good Morning တံဆိပ် Cream Roll နှစ်လုံးပဲလွယ်အိတ်ထဲထည့်ယူလာခဲ့သည်။ မနက်စာကို ဘယ်လိုပဲ အဝစားခဲ့ စားခဲ့ နေ့ခင်း ၂နာရီဆိုရင်တော့ ဗိုက်က အချိန်မှန် အချက်ပြသည်ပင်။

အခုလည်း Reading Section တစ်ခုအတွက်
လေ့ကျင့်ခန်း တွေဖြေနေရင်း အချိန် စေ့သွားပြီမို့ စာအုပ်တို့ကို ပိတ်လိုက်ရင်း မျက်လုံးကိုမှိတ်ပြီး ခေါင်းကို ခုံပေါ်မှီလိုက်သည်။ အဖြေတော့ နောက်မှပဲတိုက်တော့မည်။ခဏကြာတော့ ပင်ပန်းနွမ်းနွယ်နေသော မျက်စိတို့ကို အနားပေးရန် မြက်ခင်းစိမ်းစိမ်းတို့ကို အကြာကြီး ကြည့်နေလိုက်၏  American Center ရဲ့ တည်ဆောက်ပုံကို သဘောကျသည်။ ထီးထီးကြီး ရပ်တည်နေတာမျိုးမဟုတ်ပဲ ခြံနဲ့ ဝင်းနဲ့ဆိုတော့ အိမ်တစ်ခုကို ရောက်လာသလို ခံစားရသည်။ငှက်အော်သံတွေ သစ်ခတ်လှုပ်သံတွေနဲ့ အရာအားလုံးက သဘာဝဆန်လွန်းသည်။မျက်စိအညောင်း ပြေသွားတော့ CNN News နားထောင်ဖို့အတွက် Reception ကနေ Head-Set တောင်းပြီး အကြားအာရုံကနေတစ်ဆင့် ဦးနှောက်ကို အလုပ်ပေးလိုက်တော့သည်။ ဒီခဏလေးတော့ စာကိုပဲ အပြည့်အဝ အာရုံစိုက်ချင်ပါသည်။

တောင်အာရှဆီမှ နှလုံးခုန်သံWhere stories live. Discover now