Episode 46 - တောင်အာရှဆီမှ နှလုံးခုန်သံ

53 5 0
                                    

မွေးနေ့ပွဲ ဆင်နွှဲထားသော ဓာတ်ပုံတွေနဲ့ Video တွေကို သီရိနဲ့ Pawan ဆီ ပို့ပေးတော့၊ အဲ့လိုပျော်နေတာလေးပဲ မြင်ချင်ပါတယ်တဲ့။ ကိုယ့်ကြောင့်နဲ့ အားလုံးကိုပျော်စေချင်ပါသည်။

**************

ဒီနေ့တော့ ဘယ်မှ မသွားဖြစ် ၊ သွားဖို့အတွက်လဲ ခန္ဓာကိုယ် ကိုယ်က မနိုင်တော့ပါ အဖျားကြောင့် ပင်ပန်းနေသည်လေ။ တစ်ခြား မဟာယာန ဘုန်းကြီး တစ်ပါးလဲ သူနဲ့သိသော ဆရာလေးဆီမှာ နေလို့ရမရ စုံစမ်းပေးသေးသည်။ တိကျသော အကြောင်းပြန်မှု တစ်စုံတစ်ရာ မလာသေး ဒီလိုဆိုရင်တော့ မဖြစ်တော့ပါ ဒီနိုင်ငံကနေ အမြန်ဆုံး ထွက်ခွာမှ ဖြစ်မည် ဒီကနေ ပြီးလျှင် Bhutan သွားလည်ချင်သော်လည်း Bhutan မှာက Quarantine ၁၄ရက်ဝင်ရတာမို့ ဒီအစီစဥ်ကို ပယ်ဖျက်လိုက်သည် ။ တစ်ခြားနိုင်ငံ တစ်ခု စဥ်းစားကြည့်သည် ဘယ်ဆက်သွားလို့ရမလဲပေါ့ Bangladesh က သူငယ်ချင်းက မိမိလာလည်မည်ဆိုရင် သူကျောင်းကနေခွင့်ယူပြီး လိုက်ပြပေးမည်တဲ့။ ဒီကနေ Bangladesh ကိုက လေယာဥ်ခ အဲ့လောက်စျေးမကြီး Bangladesh နဲ့ မြန်မာကို Direct Flight မရှိတော့သည့်အတွက် လေယာဉ် လက်မှတ်က ဆယ်သိန်းကျော်သည် သူငယ်ချင်း ထောက်ခံစာ ရေးပေးရင် Visa ရနိုင်ပေမယ့် လက်မှတ် စျေးနှုန်းကြောင့် မြန်မာပြည် ပြန်ဖို့ပဲ ဆုံးဖြတ်လိုက်တော့သည်။

မနက်ဖြန်ဆို မွေးနေ့တောင် ရောက်တော့မှာပါလား။ မြန်မာပြည်ကရောက်နေသော ညီမလေး အချို့ရဲ့ အဆက်အသွယ် နဲ့ Hostel တစ်ခုချိတ်မိသည် တစ်ရက် ထမင်းသုံးနပ်ကျွေးသည့် အပြင်စျေးကလဲ မဆိုးလှတာကြောင့် အဲ့ကိုပြောင်းနေဖို့ ဆုံးဖြတ်လိုက်သည်။ Hostel Owner ကလဲ မြန်မာနိုင်ငံကမို့ မြန်မာလို ကောင်းစွာပြောနိုင်လေသည်။ မနက်ဖြန်တော့ Hostel ကို ပြောင်းရမည်။

*********************

မနက်ရောက်တော့ ညီမလေး တွေကို ပွေ့ဖက်နှုတ်ဆက်ရင်း Hostel သွားဖို့ပြင်ရသည်။ မွေးနေ့မို့လို့ ဦးလေးက မုန့်ဖိုး ၅၀၀ ပေး၏ မိမိမှာ အတော်ပင် ငြင်းယူလိုက်ရသည်။ ဒီကနေ မနက်စာ အဝစားခဲ့တာမို့ Hostel ရောက်တော့ ထပ်မစားနိုင်ပါ ဒါတောင် နေ့လည်စာ စားဖို့ owner အစ်မက အတင်းလာခေါ်နေသေးသည် ဘာမှ စားချင်စိတ်မရှိသော်လည်း ဒီက ညီမလေး လေးနဲ့ စကားစမြည်ပြောဖို့ ထမင်းစားခန်းသို့ ထွက်လာခဲ့မိသည်။ အစ်မနဲ့ မြန်မာလိုပြော ညီမလေး တွေနဲ့တော့ English လိုပြောပေါ့ တော်တော်များများ ကလေးတွေ ကျေးလက်ဒေသက ဖြစ်ပြီး ဒီမှာနေရင်း ကျောင်းတက်သူတက် အလုပ်လုပ်သူ လုပ်နေကြသည်။ မြန်မာနိုင်ငံသား တစ်ယောက်ရဲ့ စောင့်ရှောက်မှုအောက်မှာ နေရတာ ဒီကလေးတွေ ကံကောင်းတာပါပဲ။ နိုင်ငံတော်တော်များများရောက်ပြီး လူမျိုးပေါင်းစုံနဲ့ ပေါင်းကြည့်ပြီးတဲ့ အခါမှာတော့ ကိုယ့်မြန်မာနိုင်ငံက လူမျိုးတွေလောက် ဘယ်သူကမှ လူတွေကို စိတ်ရင်းနဲ့ပေါင်းလေ့ မရှိ။ ညနေကျရင်တော့ ဒီနိုင်ငံရောက်တဲ့နေ့က သားရဲတွင်းထဲကနေ ကယ်ထုတ်ဖို့ ကြိုးစားပေးခဲ့သော အမျိုးကောင်းသားလေးနဲ့ တွေ့ရဦးမည် သူ့ကိုမွေးနေ့ဆိုတာ မပြောထားမိ။

တောင်အာရှဆီမှ နှလုံးခုန်သံWhere stories live. Discover now