Episode 35 - တောင်အာရှဆီမှ နှလုံးခုန်သံ

10 1 0
                                    

"ကိုယ်တိုင်က မချစ်တာ ဆိုလျှင်တော့ ယွန်း ရှေ့ဆက်တိုးဖို့ အစီစဉ် မရှိပေမယ့် သူက ဆရာလေးတစ်ပါးမို့လို့ ထိန်းနေရတာ ဆိုလျှင် ဒီအတားအဆီးတွေကနေ တိုးထွက်လာနိုင်ဖို့ ခွန်အားတွေ ပေးချင်မိသည်။ "

****************

သင်တန်းကျောင်းအတွက် ကြိုးစားလုပ်ရင်း
ဈေးကွက် ​အခြေအနေကိုတီးမိခေါက်မိ ရှိလာသည် မှန်းထားသော ခြောက်လအတွင်း အနေအထားတစ်ခုတော့ ရောက်နိုင်မည် မဟုတ်။

ဒီရက်ပိုင်းတွေ အတွင်း စက်ဘီးစီးတာကို ကြိုးကြိုးစားစား သင်ဖြစ်သည်။ သင်ပေးတဲ့သူက BFF ကြီး သီရိ ပင် ကိုယ်က နည်းနည်းဝတော့ မထိန်းနိုင် အဲ့တော့ သူသင်ပေးတုန်းက မစီးတက် ကလေးတစ်ယောက် သင်ပေးမှပဲ တက်တော့သည် ။ စက်ဘီးစီးတက်သွားတဲ့ နေ့တုန်းကဆို "မ" ကို ပြောပြချင်တာ အရမ်းပဲ ဒါပေမယ့် အိမ် အပြန်မိုးချုပ်လို့ မနက်မှပဲ ခေါ်ဖို့စဉ်းစားလိုက်သည်။

နောက်နေ့တစ်နေ့လုံးလည်း အလုပ်တွေများနေတာမို့
ညဘက်မှပဲ ခေါ်ဖြစ်တော့သည်

" ဆရာလေး ရေ ညီမလေး စက်ဘီးစီးတက်ပြီ သိလား မနေ့ကပဲ စီးတက်သွားတာ "

" ဟုတ်လား ကောင်းတာပေါ့ "

" ဆရာလေး တကယ် မစီးဘူးလား "

" မစီးပါဘူး ညီမလေး ပဲစီး"

" ဆရာလေးကလဲ နောက်နေ ထိုင်လိုက်ရုံပဲကို"

" ဟင်အင့် မစီးဘူး ဆရာလေးက Scooter တောင် နောက်ကနေ လိုက်စီးတာ မဟုတ်ဘူး"

" ဒီနေ့ဘာဟင်းတွေနဲ့ ဘုဉ်းပေးလဲ"

" ဒီနေ့ဟင်းတွေ အများကြီး ပဲ မြန်မာပြည်က လက်ဖက်သုပ်တောင်ပါသေးတယ်"

"ဆရာလေး လက်ဖက်ကြိုက်တယ်လား ပို့ပေးရမလား
တပည့်တော်ကတော့ ဆရာလေးချက်တဲ့ ဟင်းတွေပဲ ကြိုက်တယ်"

" မပို့ပါနဲ့ ကလေးရဲ့ "

" တွေ့လား ဆရာလေး ကလေ ညီမလေး ဘာပေးပေး ငြင်းနေတာပဲ"

" မဟုတ်ပါဘူး ညီမလေး အလုပ်ပိုမှာ စိုးလို့ပါ"

" အလုပ်ပိုစရာ လား ဆရာလေး အတွက်ပဲကို"

တောင်အာရှဆီမှ နှလုံးခုန်သံTempat cerita menjadi hidup. Temukan sekarang