Episode 42 - တောင်အာရှဆီမှ နှလုံးခုန်သံ

54 8 0
                                    

"ကိုယ်ချစ်တဲ့ လူတစ်ယောက် မျက်နှာတစ်ခုတည်းကို
ကြည့်ပြီး ကိုယ့်ကိုချစ်တဲ့ လူအများကြီးကို နာကျင်စေခဲ့ရ အသုံးမကျလိုက်ပုံများ"

************

ဂရုစိုက်ပေး ချစ်ပေး စိတ်ပူပေးကြတဲ့ အစ်မကြီးတွေကိုတောင် စကားကောင်းကောင်း မပြောနိုင်။ အသက်ဘယ်လောက်ကြီးကြီး ရင့်ကျက်မှုတွေက ယှဥ်တွဲပြီး
ပါမလာကြ ။ မျက်စိနှစ်လုံး စဖွင့်တည်းက တွေးလိုက်တဲ့ သူ့အကြောင်းတွေ ညဘက်အိပ်မက်ထဲထိ နေရာယူထားတုန်း စိတ်ရော လူပါ သေအောင်ပင်ပန်းရသည်။

အခုရက်ပိုင်း India က ကောင်လေးတစ်ယောက်တော့ ကိုယ့်ကို စကား ခဏခဏ လာပြောသည်။ သူငယ်ချင်း အသစ် ပတ်ဝန်းကျင် အသစ်ရောက်သွားရင် စိတ်ပြေလိုပြေငြား သူနဲ့ အပြင်မှာ တွေ့ဖို့ ဆုံးဖြတ်လိုက်သည်။ တွေ့ကြည့်တော့ လူရည်မွန်လေးပါပဲ စကားကောင်းကောင်းပြောပြီး ညစာပါ ဝယ်ကျွေးသွားသေးသည်။ နောက်ပိုင်းတွေ စကားပြောဖြစ်တော့ Flirt ချင်တဲ့ အရိပ်အယောင်တွေ တွေ့ရတာမို့ မိန်းကလေးတွေကိုပဲ စိတ်ဝင်စားကြောင်း ကြိုပြောထားရသည် False Hope ပေးတဲ့ထဲမှာ ကိုယ်မပါ။ အိမ်က ညီမလေးကလဲ ဒီကိုလိုက်လာချင်ကြောင်း ပြောလာသည်မို့ သူ့ကိုခေါ်ဖို့အတွက်လဲ အစစ အရာရာ စီစဥ်နေရသည်မို့ India ကကောင်လေးနဲ့တောင် စကားသိပ်မပြောဖြစ် ။ ညီမလေး ရောက်လာတော့ သူငယ်ချင်း ကောင်လေးပါ လေဆိပ်လိုက်ကြိုသည် အိမ်က ညီမတော်က တကယ့်ပွားစိန် တွေ့တည်းကပြောလိုက်တဲ့ စကားတွေဆိုတာ မမောနိုင် မပန်းနိုင် ကောင်လေးလဲ နားတော်တော်ငြီးလောက်ပြီ။

ည၂နာရီလောက်မှ အိမ်ပြန်ရောက်ကြသည် India က ကောင်လေးကတော့ အိမ်ထိ လိုက်ပို့ပေးပြီးမှ သူ့အိမ်ပြန်သွားသည် အငယ်မလေးလဲ လေယာဥ်နှစ်ဆင့်မို့ တော်တော်ပင်ပန်းသွားသည်ထင် တစ်ရက်လုံး အိပ်တော့သည် အလုပ်က ခွင့်ယူထားတာမို့ အတော်ဖြစ်သွားသည်။

ညီမလေး ရောက်လာတည်းက ၂ယောက်စာ ချက်ပြုတ်ရ အလုပ်သွားရ လိုအပ်တာ လိုက်လုပ်ပေးရ သူ့အတွက် အလုပ်ရှာပေးရနဲ့ ဒေါ်ပဝရဥာဏီအကြောင်း တွေးဖို့တောင် အချိန်မရ ပင်ပန်းလွန်းလို့ အချိန်တောင် လုအိပ်နေရသည်။ အလုပ်ပိတ်ရက် အချို့တွင်တော့ India က ကောင်လေးနဲ့ အပြင်ထွက်မုန့်စား လျှောက်ဆော့ဖြစ်သည် သူ့နာမည်က Pawan တဲ့ ပုံမှန်ဆို
ယောကျ်ားလေးတွေနှင့် အချိန်ကုန်ဆုံးရတာ ပျင်းသော ကိုယ်က သူနဲ့တော့ Frequency တွေ တော်တော်လေး ထပ်တူကျသည် Indian ချင်းမို့လို့လဲ ဖြစ်ပါလိမ့်မည်။
အမြဲသွက်လက် တက်ကြွပြီး ထက်မြက်သည်လို့ ထင်ရသော ဒီကောင်လေးကလဲ ဒဏ်ရာတွေနဲ့ပါပဲလား လောကမှာ ဒဏ်ရာနဲ့ ကင်းတဲ့သူ မရှိဘူးထင်ပါရဲ့ မထိန်းနိုင်မသိမ်းနိုင် အကြီးအကျယ်ခံစားပြနေတာတော့ ကိုယ်တစ်ယောက်တည်းပဲ ဖြစ်လိမ့်မည် မရင့်ကျက်လိုက်ပုံများ။ တစ်ယောက်အကြောင်း တစ်ယောက်ပြောဖြစ်ကြတော့ သူက ကိုယ့်ရွေးချယ်မှုက အစတည်းက မှားယွင်း နေတာတဲ့ သူ့အဖြစ်နဲ့စာရင်တော့ ကိုယ်ကတော်သေးသည်လို့ပဲ ကိုယ့်ကိုယ်ကို ဖြေသိမ့်ရသည် သူ့ကောင်မလေး ကတော့ မျိုးရိုးဇာတ်မတူဘူးဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းနဲ့ ထားသွားလေရဲ့။

တောင်အာရှဆီမှ နှလုံးခုန်သံTahanan ng mga kuwento. Tumuklas ngayon