Episode 20 - တောင်အာရှဆီမှ နှလုံးခုန်သံ

56 5 0
                                    

"ကိုယ့်မှာတော့ အပင်ပန်းခံ ကြိုးစားလိုက်ရတာ လူမှာ အရူးကြီး ကိုကျလို့ နောက်ဆုံးရလိုက်တာက အပြစ်တင်ခြင်းတွေတဲ့လား။"

******************
ကိုယ့်မွေးနေ့ကို သတိမရသော်လည်း စိတ်မဆိုးရက်ပါ ယွန်းမွေးနေ့မှ ရယ်လို့ မဟုတ် ဘယ်သူ့မွေးနေ့မှ သူက မှတ်လေ့မရှိ သတိတရနှင့် ဆုတောင်းပေးတာတွေ ဘာတွေလည်း လုပ်လေ့မရှိ။

ဒီနှစ် သူ့မွေးနေ့အတွက်လည်း Handmade ပဲ ပေးချင်သည်။ ပြီးတော့ အမှတ်တရ တစ်ခုခုလည်း ဖန်တီးပေးချင်၏ ။ Happy Birthday song ကို Guitar ပြီး ဆိုပြဖို့ စဥ်းစားမိတာမို့ Guitar ရှိသော သူငယ်ချင်းဆီမှာ ၇ ရက်တိတိ သွားကျင့်သော်လည်း မတီးတက်ခဲ့ပါ။ နောက်တစ်မျိုးစဥ်းစားသည် ဘာလုပ်ရင် ကောင်းမလဲပေါ့ အိမ်နားမှာက ပန်းခြံ အကျယ်ကြီး ရှိ၏ လူလည်း ရှင်းသည်။ ရောင်စုံစက္ကူတွေကို မြက်ခင်းပေါ် ဖြန့်ခင်းပြီး Happy Birthday ဆိုသော စာလုံးကို အကြီးကြီး ပုံဖော်ဖို့ စိတ်ကူးရမိသည်။ သေချာတာကတော့ ညီမလေး က လိုက်ကူမည် မဟုတ် ကံကောင်းချင်တော့ ရုံးပိတ်ရက် အဒေါ် အိမ်ရောက်သည်နှင့် တိုက်ဆိုင်သွား၏။

" အဒေါ် ပန်းခြံမှာ စာလုံး ပုံဖော်ချင်လို့ လိုက်ခဲ့ပေးပါလား "

" ဟဲ့ နင့်ဘာသာနင် ဘယ်ကောင်မလေးကို ကြောင်ပြီး ပုံဖော်နေလဲမှ မသိတာ ငါက ဘာလိုက်လုပ်ရမှာလဲ"

ပြောလိုက်ရင် အဲ့လို တဲ့တိုးကြီးတွေ

ကိုယ်က ကောင်မလေးတွေကိုပဲ စိတ်ဝင်စားတယ်ဆိုတာ အဒေါ်တွေရော အဖေရော သိသည်။

"ဟာ အဒေါ် ကလည်း ဘယ်ကောင်မလေး အတွက်မှ မဟုတ်ပါဘူး ဒီအတိုင်း ပုံဖော်ပြီး
သိမ်းထားချင်လို့ပါ ဓာတ်ပုံ ရိုက်ပေးမယ့် သူ မရှိလို့ လိုက်ခဲ့ပေးပါနော် နော် နော်လို့" ဆိုပြီး ခပ်ချွဲချွဲလေး ပြောလိုက်တော့

" အမလေးနော် ပြောတာပဲ ပြီးရင် သူ့ကောင်မလေးတွေဆီ ပို့ပေးမှာကိုများ မသိတာမှတ်လို့" လို့ ပြောနေတုန်း နောက်ကနေ သိုင်းဖက်လိုက်ရင်း သူ့ပါးကို ရွှတ်ခနဲ နမ်းလိုက်တော့ အပျိုကြီး မခံနိုင်တော့ပေ။

" အေးပါ လိုက်ပေးပါ့မယ် အပြန်တော့ ငါ့ကို မုန့်ဝယ်ကျွေး"

တောင်အာရှဆီမှ နှလုံးခုန်သံTempat cerita menjadi hidup. Temukan sekarang