Episode 47 - တောင်အာရှဆီမှ နှလုံးခုန်သံ

65 7 0
                                    

"ဆရာလေးတော့ အရမ်းအံ့သြတယ်သိလား ၊ ညီမလေး က ကလေးလေးပဲ ရှိသေးတာကို ဘယ်လိုသဒ္ဓါတရားနဲ့လှူလဲပေါ့ မြန်မာနိုင်ငံသားတွေက သိပ်ရက်ရောတာပဲ ၊ ဆရာလေးမြန်မာပြည်ရောက်တုန်းကလဲ ဆရာလေးသူငယ်ချင်းရဲ့ အမေက ပိုက်ဆံတွေ အများကြီး လှူတယ်"

***************

ဒီနေ့တော့ ကြည်လင်သော စိတ်နဲ့နိုးထလာသည်။ Sri Lanka က ရောက်နေသော ဆရာတော်က ဒီနိုင်ငံရဲ့ ပထမဆုံးသော ထေရဝါဒ သီလရှင် ဆရာကြီးကျောင်းကို လိုက်ပို့ပေးမည်ပြောသောကြောင့် ချိန်းထားသော နေရာကို ထွက်လာမိသည်။ Hostel Owner အစ်မက မနက်စာစာသွားပါ ပြောတာတောင် မစားနိုင် ချိန်းထားသော နေရာကို မနက် ၈နာရီ အရောက်သွားရမည်လေ။ ဆရာတော်လဲ ဒီနေ့ အတန်းမရှိတာမို့ မိမိကို လိုက်ပို့နိုင်ခြင်း ဖြစ်သည်။

ချိန်းတဲ့နေရာကို ကိုယ်ကစောရောက်နေတာမို့ ဆရာတော့်အတွက် ပိုက်ဆံအိတ် လက်ဆောင်ဝယ်ပေးဖို့ စဥ်းစားမိ၏။
ပိုက်ဆံအိတ်ရောင်းတဲ့ဆိုင်သွားပြီ တစ်အိတ်ချင်းစီ သေချာကြည့်မိသည် တစ်ခုမှ Quality မကောင်းပါ။ ဆရာတော်ကိုပဲ ဆက်စောင့်နေမိသည် ငါးမိနစ်ခန့်ပဲ ကြာမည်ထင်သည် ဆရာတော်ရောက်လာ၏။ သူနဲ့ ဆရာကြီးကို တစ်ခါမှ မတွေ့ဖူးဘူး မိမိပြောမှ ပထမဆုံးကြားဖူးခြင်း ဖြစ်သည်။ အနီးနားက လူတွေကို ကျောင်းနာမည်ပြောပြီး တည်နေရာမေးသော်လည်း ဘယ်သူမှ မသိကြ။ Google Map ကြည့်ပြီး သွားကြရသည် ကျောင်းသို့သွားတဲ့ လမ်းမှာ ဆရာတော်က မေးလာ၏။

" ဆရာကြီးကို ဘယ်လိုသိတာလဲ"

" ဆရာကြီး အကြောင်း စာအုပ်ဖတ်ရတယ်လေ၊ ဆရာကြီးက သိပ်ကြည်ညိုလေးစားဖို့ကောင်းတာ သတ္တိလဲ အရမ်းရှိကုန်းလမ်းကနေ မြန်မာနိုင်ငံထိ ရောက်အောင်လာခဲ့တာ ဗုဒ္ဓစာပေတွေသင်ဖို့ အဲ့တုန်းက ဆရာကြီး အသက် ၁၆နှစ်ပဲ ရှိသေးတယ်။ ဆရာကြီးရဲ့ ဘွဲ့နာမည်ထက် "သမီးချစ်" ဆိုပြီး တို့နိုင်ငံက လူတွေသိကြတယ် English လို အဓိပ္ပါယ် ပြောရမယ်ဆိုရင်တော့ "Beloved Daughter" တဲ့"

ရှည်လျားလှသော ရှင်းပြမှု အပြီး

"ဆရာကြီးကို လှူဖို့ တစ်ခုခု ဝယ်သွားဦးမလား" ဆိုပြီး မိန့်လာသည်။

တောင်အာရှဆီမှ နှလုံးခုန်သံTempat cerita menjadi hidup. Temukan sekarang