"ဆိုက္ကားပေါ်ကနေ ခုန်ဆင်းပြီး ကျေးဇူးတင်ကြောင်းပြောရင်း သူ့အတွက် ယူလာသော Key Change လေးကို လက်ဆောင်ပေးဖြစ်သည်။ သူကလဲ သူတောင်တက်တုန်းက အမြင့်ပေတစ်သောင်းခွဲ ကနေ ယူလာသော ကျောက်ခဲလေး တစ်ခဲလက်ဆောင်ပေး၏။ ကိုယ့်နာမည်ရေးထိုးထားသော ဆရာတော်ပေးတဲ့ လက်ပတ်လေး ပြီးလျှင် ဒုတိယမြောက် သဘောကျမိတဲ့ လက်ဆောင်လေး"
******************
ဒီနေ့ LGBT အဖွဲ့အစည်းတစ်ခုကို သွားဖို့ သူငယ်ချင်းကောင်လေး နောက်တစ်ယောက် Hostel မှာလာကြိုသည်။ Hostel မှာ နေတာပဲကောင်းပါသည် ကိုယ်သွားလာနေတဲ့သူတွေက ကောင်လေးတွေချည်း ဆရာလေးကျောင်းမှာဆို မေးခွန်းတွေများဦးမည်။ သူငယ်ချင်းရောက်လာတာ နည်းနည်းစောတာမို့ ဝင်းထဲက ဒန်းပေါ်မှာပဲ ထိုင်စောင့်ခိုင်းထားပြီး နေ့လည်စာ စားလိုက်သည် သူကတော့ စားလာခဲ့ပြီတဲ့။ နေ့လည်စာ စားပြီးဆင်းလာရင်း စကားဆိုမိသည်
"စောင့်ရတာ ကြာသွားပြီလား Subean ၊ အပေါ်တက်ဖို့ ခေါ်ချင်ပေမယ့် Girls Hostel မို့ပါ"
" ငါနားလည်ပါတယ် Boys Hostel ဆိုရင်လဲ ကောင်မလေးတွေ ဝင်လို့မရဘူးလေ"
" စောနက ကောင်မလေး နင့်ကိုဘာတွေ လာမေးနေတာလဲ"
" သြော် ငါ့ကိုဘယ်ကလဲ နင်လဲဘယ်လိုသိတာလဲဆိုပြီးမေးနေတာ"
" အင်း စပ်စုစိန်လေးတွေပဲ အဲ့ဒါကြောင့် ငါဒီက ကောင်မလေးတွေနဲ့ သိပ်မပေါင်းဘူး သူတို့က အရမ်းသိချင်ကြတာ"
Subean က ရယ်လျက်
" Bangladesh Embassy သွားဦးမှာလား ဟိုအဖွဲ့အစည်းပဲ တန်းသွားမလား"
" အာဟုတ်သားပဲ ငါနင့်ကို ပြောဖို့မေ့နေတာ Bangladesh မသွားဖြစ်တော့ဘူး ဟို အဖွဲ့အစည်းပဲ တန်းသွားရအောင်"
ကားမှတ်တိုင်ဆီသို့ အတူလျှောက်လာရင်း သူ့ကျောင်းကိစ္စ စကားစမြည်ပြောဖြစ်ကြသည်။ ကားခ မိမိပေးမည်ဆိုတာလဲ မရ သူပဲပေးသည်။ ဒီကောင်လေးက နည်းနည်းအေးသည် နည်းနည်းလဲ ရှက်တက်သည်။ ထိုင်ခုံနေရာ ရတော့လဲ မိမိကို ထိုင်စေ၏။ ဟန့်ကိုတောင် သတိရမိသည်။
အဖွဲ့အစည်းကို လာမည့်အကြောင်း ကြိုပြောထားသ
ဖြင့် အဖွဲ့ဝင်တွေရော တည်ထောင်သူတွေပါ ရှိနေကြသည်။ ကိုယ်လဲ မြန်မာနိုင်ငံက Lesbian Community တစ်ခုမှာ ပါဝင်လုပ်အားပေးနေကြောင်း ပြောပြီး နှစ်နိုင်ငံက အဖွဲ့အစည်းနှစ်ခုရဲ့ လုပ်ဆောင်မှုတွေကို ဆွေးနွေးဖြစ်ကြသည်။ ဒီလိုအကြောင်းအရာမျိုးက ပျင်းစရာ သိပ်မကောင်းသော်လည်း Subean ပျင်းနေမှာစိုးလို့ စကားဝိုင်းထဲ ဆွဲခေါ်ရသည်။ Subean ကို
ကြည့်ရင်း ဘုရားမှာ ဆရာလေး ဘုန်းကြီးတွေနဲ့ တွေ့ဖို့ လိုက်ပို့ပေးသော Smir မျက်နှာကို မြင်ယောင်ရင်း ပြုံးမိသည်။
YOU ARE READING
တောင်အာရှဆီမှ နှလုံးခုန်သံ
Non-Fictionအစတည်းက မှားယွင်းနေတဲ့ ရင်ခုန်သံတွေဆိုရင်တောင် ပျက်စီးစေလိုတဲ့ ဆန္ဒလုံးဝ မရှိခဲ့တာကိုတော့ သိစေချင်တယ် အစ်မရယ်