Episode 14 - တောင်အာရှဆီမှ နှလုံးခုန်သံ

53 3 0
                                    

"အလွမ်းတွေက နှလုံးသားထဲကနေ အစပြုလို့ ရိုးတွင်းခြင်ဆီထဲထိ အပြည့်အနှက်"

************

ဆက်ရှိချင်သေးသည် ဒီနေရာ ၊ ဒီနိုင်ငံ ဒီလူမျိုးတွေရဲ့ ချစ်စဖွယ် ဓလေ့ထုံးတမ်းတွေကြားမှာ။ ဆက်ရှိနေချင်သေးသော်လည်း ၂၁ ရက် ဆိုသော အချိန်သည် မျက်စိတစ်မှိတ်အတွင်း မှာပင် ကုန်သွားခဲ့လေပြီ။  လာရာလမ်းဆီသို့ မကြာခင် ပြန်ရမယ့် အကြောင်း တွေးမိတော့ ရင်ထဲမှာ တစ်ဆစ်ဆစ်နဲ့ နာကျင်လာသည်။

ဒီနေ့က ဒီနိုင်ငံမှာနေရတာ နောက်ဆုံးရက်၊ နှုတ်ဆက်ပွဲ အခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လုပ်မှာမို့ ဝန်ကြီးဌာန မသွားခင်လမ်းမှာ Red Fort ကို လိုက်ပြသေးသည်။ သို့သော်ငြား ဘယ်လို ခမ်းနာမှုမျိုးကိုမှ မခံစားနိုင်တော့လောက်အောင် ဝမ်းနည်းနေရသည်။ လဲပြိုလုမတက်  အလွမ်းတွေကို ငှက်ကလေးများရဲ့ တီတီတာတာ အော်သံတွေက အားဖြည့်ပေးနေပြန်သည်။

နိုင်ငံခြားရေး ဝန်ကြီးရုံး ရောက်တော့

ကောင်စစ်ဝန်က

" Punjab သွားရတာ ပျော်ရဲ့လား Delhi နဲ့ ဘာတွေကွာလည်း KIP အတွက် ဘာတွေ အကြံပြုချင်လဲ" ဆိုပြီးမေးလာ၏။

" Punjab က လူတွေက Delhi က လူတွေထက် ပိုသဘောကောင်းတယ်" ဆိုပြီး ကိုယ်က မဆိုင်းမတွဖြေတော့
အားလုံး ပြုံးကုန်ကြသည်။

နောက်လာမယ့် Program တွေကို ရက်ထပ်တိုးပေးဖို့ ပါ တောင်းဆိုတော့  စဥ်းစားပေးပါ့မည်တဲ့။

အခမ်းအနား​ပြီးတော့  လက်ဆောင်တွေပါ ပေးသေးသည်။ ဝန်ကြီးတွေအားလုံး ခန်းမထဲက မထွက်ခင် Scholarship ပေးဖို့ တောင်းဆိုခဲ့သော ဝန်ကြီးက ယွန်းဆီကို လာပြီး

" သမီးပြောတဲ့ ကိစ္စလည်း စဥ်းစားပေးပါ့မယ်" ဆိုပြီး ပြောသွား၏။

သဘောကျသည် စကားပြောပုံ ဆိုပုံတွေ ၊ ပညာတော်သင် လူငယ်တွေကို အရေးအရာ ပေးပြီး ဆက်ဆံပုံတွေက တကယ်ကို လေးစား အားကျ ကျေနပ်စရာ ကောင်းသည်။

ဒီနေ့တော့ နေ့လည်စာကို MacDonald's မှာစားမှာမို့ Hotel ကို မပြန်ပဲ မြို့ထဲကို ထွက်လာခဲ့ကြသည်။မိုးရာသီဖြစ်သော်ငြား ဆောင်းတွင်းလို ထိုင်းမှိုင်းနေသော ရာသီဥတု က ပြိုကျလုမတက် မျက်ရည်တို့ကို ထိန်းထားဖို့အခွင့်အရေးမပေးချင် မျက်ဝန်းမှာ စိုစွတ်လာသော မျက်ရည်စတို့က မျက်တောင်ခတ်လိုက်ရုံနဲ့ ရပ်သွားမှာ မဟုတ်တာကြောင့် လက်ဖမိုးနဲ့ အမြန်ထိန်းရသည်။ ဆိုင်ထဲ မဝင်ခင် တောင်းရမ်းနေသော ကလေးတစ်ချို့ရှိသော
ကြောင့် အဖွဲ့ခေါင်းဆောင်က အကျင့်လုပ်ပြီး မပေးဖို့ သတိပေးနေ၏။ တစ်ယောက်ကို ပေးလိုက်ရင် တစ်ဖွဲ့လုံး လိုက်လာလိမ့်မယ်ဆိုပြီး ဘယ်သူ့ကိုမှ မပေးခိုင်းပေ။

တောင်အာရှဆီမှ နှလုံးခုန်သံWhere stories live. Discover now