"ဆုံမယ့် ဆုံတော့လည်း တကယ့်ကို ခဏလေးပါလား "မ" ရယ်။ "
**********************
Program ပြီးလျှင် "မ" တို့နိုင်ငံမှာ
ကျန်နေခဲ့မယ့် အကြောင်းပြောတော့ ကလေးမလေး မိဘ တွေနဲ့ သူ့အဖွားက စိတ်မကောင်း အပြန်ခရီးကိုလည်း သူတို့နဲ့ ကိုယ့်ကို ပြန်လိုက်စေချင်ကြသည် ။ ဒါပေမယ့် ဘာမှတော့ မပြောကြပါ ။ ဆက်နေမယ့် အကြောင်း
Surprise လုပ်ချင်လို့ "မ" ကိုတော့ မပြောပြတော့ပါ။သွားမယ့်နေ့ကျတော့ အဒေါ် နဲ့ အဖေလိုက်ပို့သည် ။ လေဆိပ်သွားနေစဥ် Taxi ပေါ်မှာ ယွန်းလူပြန်ထွက်ဖို့ လုပ်တုန်းက ဂရုဏာဒေါသောနဲ့ တားခဲ့သော "မ" တို့ နိုင်ငံက ဆရာလေးကို ဖုန်းခေါ်လိုက်သည်
" ဟယ်လို ဆရာလေး သွားပြီနော် မနက်ဖြန်ဆို ဆရာလေးတို့ နိုင်ငံရောက်ပြီ "
" ဂရုစိုက်သွားကလေး ကျန်းမာပါစေ ချမ်းသာပါစေ ဆရာလေးမေတ္တာပို့ပေးမယ်နော် "
" ဟာ ဆရာလေး တပည့်တော် တစ်ယောက်တည်း အတွက်ပဲ ဆု မပေးနဲ့လေ ၊ တစ်ဖွဲ့လုံးအတွက်ပေးပေး ၅ယောက်ရှိတယ်" ဆိုတော့
ဆရာလေးက ရယ်ပြီး
" ၅ယောက်စလုံး ကျန်းမာပါစေ ချမ်းသာပါစေနော်" တဲ့
" ဒီလိုမှပေါ့ ဟီးဟီး"
" ဟိုရောက်ရင် ဆရာလေးကို ရောက်တဲ့အကြောင်း စာပို့ဦးနော်"
" တင်ပါ့ဘုရား " လို့ ပြောပြီး ဖုန်းချလိုက်သည်
လေဆိပ်ရောက်တော့ မြောက်ဒဂုံ ကျောင်းက ကလေးတွေ ရောက်နေကြပြီ။ ကလေးတွေက Suit အပြည့်နှင့်
ကိုယ်လည်း နိုင်ငံကိုယ်စားပြု သွားရတော့ ဆိုတော့ Casual Wear အစား Formal ကျကျ ပဲ ဝတ်လိုက်၏။ ခဏကြာတော့ မြောက်ဥက္ကလာ ကျောင်းက ကလေးတစ်ယောက် ရောက်လာသည် သူတို့ကျောင်းက ဆရာတစ်ယောက်လည်း လိုက်ပို့၏ ။ဆရာက ယွန်းတို့ လမ်းမှာ ဆာနေမှာစိုးလို့ ဆိုပြီး မုန့်တွေလည်း အများကြီး ဝယ်လာ၏ ။ကလေးတွေလည်း သူတို့မိသားစုတွေနဲ့ ဓာတ်ပုံရိုက်ကြ ဘာညာနဲ့ အလုပ်များနေသည် အဖေ နဲ့ အဒေါ်ကတော့ ကလေးတွေရောက်ကတည်းက ပြန်သွားကြပြီ ။
YOU ARE READING
တောင်အာရှဆီမှ နှလုံးခုန်သံ
Non-Fictionအစတည်းက မှားယွင်းနေတဲ့ ရင်ခုန်သံတွေဆိုရင်တောင် ပျက်စီးစေလိုတဲ့ ဆန္ဒလုံးဝ မရှိခဲ့တာကိုတော့ သိစေချင်တယ် အစ်မရယ်