Episode 19 - တောင်အာရှဆီမှ နှလုံးခုန်သံ

9 2 0
                                    

"တစ်ခါတစ်လေ ကျတော့လည်း ဂရုစိုက်မှုတွေ သတိတရရှိမှုတွေကို ဖွင့်ပြောစရာမလိုပဲ အလိုက်တသိလုပ်ပေးတာမျိုး လိုချင်မိသည်"

******************

NGO ရုံးမို့ အင်တာဗျူး ဖြေမယ့်နေ့ကိုလည်း ပေါ့ပေါ့ပါးပါးပဲ ဝတ်သွားလိုက်သည်။ ရုံးကတော့ အမိုက်စား Table Tennis တွေ ဘာတွေနှင့် ဝန်ထမ်းတွေ ကြည့်ရတာလည်း ဆော့သူဆော့ စကားပြောသူ ပြောနှင့် တစ်အားကြီး စိတ်ဖိစီးမှု ရှိသည့် ပုံမပေါ်

ယွန်းကို HR Department က British တစ်ယောက် လာမိတ်ဆက်ပြီး အင်တာဗျူး လုပ်သည်

" ဒီကို ဘယ်လိုလာခဲ့လဲ"

" ဒီကို Bus နဲ့ လာပါတယ်"

" Bus လိုင်းတွေ ပြောင်းလိုက်တဲ့ အပေါ် ဘယ်လိုမြင်လဲ" ( ထို အချိန်က YBS တွေ စတင်ပြေးဆွဲတဲ့ အချိန်မို့လို့ သူမေးခြင်းဖြစ်သည် )

" Bus လိုင်းတွေ ပြောင်းလိုက်တာ အချိန်တွေကြာလာရင်တော့ အဆင်ပြေသွားမှာပါ အစိုးရက လည်း ပိုကောင်းဖို့ လုပ်တာပဲလေ ဒါပေမယ့် ဘယ်ကားနံပတ် စီးရင် ဘယ်ရောက်တယ် ဆိုတာ ဘယ်သူမှ မသိဘူး ရန်ကုန်မြို့နေ လူထု ၈၀ ရာခိုင်နှုန်းက Public Transportation ကို အားထားနေရတာ ဖြစ်တဲ့အတွက် ကားလမ်းကြောင်းနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို တိတိကျကျ ကြိုတင်ထုတ်ပြန်ထားသင့်တယ်"

" Public Transportation ကို ရထားကပါ အားဖြည့် ကူညီမယ် ဆိုရင်ရော"

" ဒါကတော့ သန်ရာသန်ရာပေါ့ ကိုယ်ကတော့ ရထား မကြိုက်ဘူး ဘူတာတွေကနေ
ကိုယ့်အိမ်ကို အဝေးကြီး သွားရတယ် ပြီးတော့ ရထားလမ်းကြောင်းကို သေသေချာချာ လုပ်ဖို့ဆိုရင် အစိုးရအနေနဲ့ အကုန်အကျ ပိုများနိုင်သလို ဒီလောက် အချိန်တိုအတွင်း ပြောင်းဖို့လဲ မလွယ်ဘူး"

" ကောင်းပါပြီ တို့အဖွဲ့အစည်း အကြောင်း မင်းဘယ်လောက်သိလဲ "

" ဒီအဖွဲ့အစည်းက နည်းပညာနဲ့ ပတ်သတ်တဲ့ လုပ်ငန်းတည်ထောင်ချင်တဲ့ သူတွေကို အရင်းအနှီး ထုတ်ပေးတယ်။ နည်းပညာနဲ့
ပတ်သတ်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေလည်း လုပ်တယ် တစ်ချို့ အလုပ်ရုံ ဆွေးနွေးပွဲတွေ လည်းလာတက်ဖူးတယ်"

တောင်အာရှဆီမှ နှလုံးခုန်သံWhere stories live. Discover now