Episode 22 - တောင်အာရှဆီမှ နှလုံးခုန်သံ

52 4 0
                                    

"အစကတော့ "မ" နဲ့ ပတ်သတ်ပြီး လုပ်သော်လည်း နောက်ပိုင်းကျတော့ လုပ်ရင်း လုပ်ရင်း နဲ့ စိတ်ပါလာပြီး ကလေးတွေကိုလည်း
ပြိုင်ခွင့်ရစေချင်သည့် စေတနာက ကြီးစိုးသွားသည်။"

*****************

ယွန်း အဆုံးစွန် ကြိုးစားခဲ့ပြီးပြီမို့ အစိုးရကျောင်းက ကလေးတွေအတွက် စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှ မတက်နိုင်တော့ ။ မျှော်လင့်ချက်က Private Schools နှင့် International Schools တွေပဲ ရှိတော့သည် ။

International Schools တွေက ကျောင်း Website တွေကနေ တစ်ဆင့်သူတို့ Email ရှာပြီး Proposal ပို့ လိုက်လို့ ရသည် ပြီးမှ ဖုန်းဆက်ပြီး Follow up လိုက်ရုံပင်။ Private School တွေကတော့ ဒီလို လုပ်လို့ မရ သူတို့မှာ Website လည်း မရှိ Facebook Page လောက်သာရှိသည် တစ်ချို့ကျောင်း တွေဆို Page တောင် မရှိ ။

ယွန်း International Schools တွေအတွက် List လုပ်ပြီးတော့ တစ်ကျောင်းချင်းစီကို Email ပို့သည် Email ပို့ပြီးတော့ တစ်ခါ ဖုန်းထပ်ခေါ်ပြီး ရှင်းပြသည် ဖုန်းထဲမှာ သူတို့နဲ့ ပြောခဲ့တာတွေကို လည်း သေချာရေးမှတ်ထားရသည်။ အဲ့ဒါ မှ နောက်တစ်ခါ Followup လုပ်ရင် အလားအလာ ရှိသောကျောင်းကို တန်းသိနိုင်မည်လေ။

လုပ်ထားသော List ကို သူတို့နိုင်ငံက Company ကို ပို့ပြီး အမြဲ မပြတ် အကြောင်းကြားသည်။  ဘာတွေလုပ်နေပြီ ကျောင်းအခြေအနေတွေက ဘယ်လိုရှိတယ် အစိုးရကျောင်းတွေကတော့ မျှော်လင့်လို့ မရတော့ဘူး စသဖြင့်  အမြဲမပြတ် Update လုပ်နေသော​ကြောင့် Company က ဘာမှ မပြောပါ တစ်ခုခု အကူအညီ လိုရင် သူတို့ကို ပြောဖို့သာ ပြောသည်။

International Schools တွေ ပြီးတော့ Private ကျောင်းတွေဘက် လှည့်ရ၏ ၊ Private Schools တွေကိုလည်း facebook က ရှာ List လုပ် ဖုန်းဆက်ပြီး ပြိုင်ပွဲ အကြောင်းကို ရှင်းပြရသည် ၊ Proposal ပို့ပေးဖို့ Email တောင်းတော့ Email ရှိတဲ့ကျောင်းက ရှိသည် မရှိတဲ့ ကျောင်းက မရှိ ၊ တစ်ချို့ကျောင်းဆို ပြိုင်ပွဲ ဆိုတာနဲ့ စကားတောင် ဆုံးအောင် နားမထောင် ကျောင်းစာတွေ ပျက်မှာစိုးလို့ ဘယ်ပြိုင်ပွဲမှ ဝင်မ​ပြိုင်ခိုင်းပါဘူးတဲ့ ။

Email မရှိသော ကျောင်းတွေကိုတော့ ကိုယ်တိုင် Proposal သွားပို့ရသည် သိတဲ့အတိုင်း Private School ဆိုတာ ခြံဝန်းအကျယ်ကြီးတွေထဲမှာ ဆောက်လေ့ရှိတာမို့ လမ်းဆုံ လမ်းခွ သွားရ လာရ လွယ်ကူသော နေရာတွေမှာ တည်ရှိမနေပါ။

တောင်အာရှဆီမှ နှလုံးခုန်သံWhere stories live. Discover now