Episode 33 - တောင်အာရှဆီမှ နှလုံးခုန်သံ

70 4 0
                                    

"ကိုယ့်ကို အားနာလို့ ဘာမှမလိုဘူးလို့ ပြောခြင်းမဟုတ် ဒါယိကာ ဒါယိကာမ တွေကိုလည်း ဘာလိုပါတယ်ဆိုပြီး ပါးစပ်ကနေ ဘယ်တော့မှ ဖွင့်ဟပြောလေ့ မရှိ "မ" ဆိုတာ အဲ့လို ဆရာလေးပါ။ "

******************

သူ စာမေးပွဲ ဖြေနေတုန်းမို့လို့ ဖုန်းမဆက်ဖြစ်ပါ စာမေးပွဲ နောက်ဆုံးနေ့မှပဲ ဖုန်းခေါ်ဖို့ စဥ်းစားထား၏။ "မ" တစ်ယောက် ကောင်းကောင်းဖြေနိုင်မှာပါ သူက ကိုယ့်လိုပဲ အလုပ်ကို ကြို​ကြိုတင်တင်လုပ်တက်တဲ့သူလေ။

February ၆ ရက် "မ" စာမေးပွဲ နောက်ဆုံးနေ့  အသိ အစ်မ တစ်ယောက်ကို ပစ္စည်း တစ်ခုပေးဖို့ ရှိတာနဲ့ မြို့ထဲကိုထွက်လာခဲ့သည်။ သူ့အိမ်ရောက်တော့ အဲ့အစ်မက ထမင်းခူးကျွေး၏။ ထမင်းစားနေရင်း နာရီ ကြည့်လိုက်တော့ ၁၁ ခွဲလုပြီ ဒီအချိန် ဆိုရင်တော့ "မ" စာမေးပွဲ ပြီးလောက်
ပေမယ့် ကျောင်းတော့ ရောက်ဦးမည် မဟုတ် အဲ့ဒါ
ကြောင့် နောက်တစ်နာရီလောက်မှ ဖုန်းခေါ်ဖို့ စဥ်းစားရင်း ပန်းကန်တွေကူဆေးပေး ပြီး အဲ့အစ်မနဲ့ စကားဆက်ပြောကြသည်။

၁၂ ခွဲလောက်ဖုန်းခေါ်လိုက်တော့ ဖုန်းက တန်းဝင်သွား၏။
မြန်မာပြည် ပြန်ရောက်ပြီး ယွန်းဘက်မှ ပထမဆုံး ဖုန်းခေါ်ခြင်း ပြီးတော့ လွတ်လွတ်လပ်လပ် စကားတွေ အကြာကြီး ပြောလို့ရမယ့် အချိန်ဆိုတော့ ပြောမယ့် စကားတွေ အများကြီး စဥ်းစားထားသည်။

" ဆရာလေး ကျောင်းရောက်ပြီလား "

" ရောက်ပြီကလေး "

" ဆွမ်းရော ဘယ်မှာစားလဲ "

" ဒီနေ့တော့ ကျောင်းမှာပဲ စားလိုက်တယ်"

"ဟာအဲ့ဒါဆို ရောက်တာကြာပြီပေါ့ တပည့်တော်က ဆရာလေး ဖြေတဲ့နေရာမှာပဲ စားမယ်ထင်လို့ အခုမှဆက်တာ ဒီလို မှန်းသိစောစော ခေါ်ပါတယ် ၊ ဒီနေ့လေ မနက်အစောကြီး ထပြီး ဘုရားမှာ ရေချမ်းကပ် ဆီမီးပူဇော်ပြီး ဆရာလေးအတွက် ဆုတောင်းပေးနေခဲ့တာ"

"ဟုတ်လား ကျေးဇူးတင်ပါတယ် ညီမလေး အဲ့ဒါ ကြောင့်ထင်တယ် ဒီနေ့ အများကြီး ပိုဖြေနိုင်တယ် တစ်ခြားနေ့တွေထက် "

တောင်အာရှဆီမှ နှလုံးခုန်သံWhere stories live. Discover now