Episode 12 - တောင်အာရှဆီမှ နှလုံးခုန်သံ

54 3 0
                                    

"ကိုယ့်ဘာသာကိုယ် သဘောကျမိတဲ့ ဓာတ်ပုံ ၂ပုံကလည်း ဘာကြောင့် ဒီအမျိုးသမီးအတွက် ဖြစ်နေရပြန်တာလဲ"

***********

Punjab ရောက်တော့ ရထားပေါ်က ဆင်းလိုက်တာနဲ့ လေငွေ့နွေးနွေးက မျက်နှာကို လာရိုက်ခတ်၏။အထပ်မြင့်အဆောက်အဦး တွေ သိပ် မတွေ့ရ မြို့တည်ဆောက်ပုံက Delhi နှင့်ပင်တူသေးတော့သည်။

တည်းမယ့် Hotel က  အခန်းနည်းသောကြောင့်  Israel က ကောင်မလေးတစ်ယောက် အပါအဝင် စုစုပေါင်း ၃ ယောက်နေရသည်။  ညနေကျရင် တစ်နေရာသွားမည်ဟု အဖွဲ့ခေါင်းဆောင် ကပြောထားတာကို သတိရသော်လည်း Alarm မပေးထားမိ။

မနက်အစောကြီးထရတာရော ခရီးပမ်းတဲ့အရှိန်ပါပေါင်းပြီး အခန်းထဲရောက်တာနဲ့ သုံးယောက်လုံးအိပ်ပျော်သွားကြသွားလိုက်​ ကြတာ  ညနေ၅နာရီလောက်မှပဲ  နိုးလာတော့သည်။ နိုးလာလာချင်း ဖုန်းကို စစ်ကြည့်တော့ အဖွဲ့ခေါင်းဆောင် ထံမှ Missed Call သုံးခုတောင် ဝင်နေ၏။

ဟို၂ယောက်ကို အမြန်နှိုးပြီး ၃ယောက်သား သွားတိုက်မျက်နှာသစ် အဝတ်အစားလဲပြီး ချက်ချင်း  ပြေးဆင်းလာခဲ့သော်လည်း lobby​ရောက်တော့ လူတွေတောင်အကုန်စုံနေပြီ။ အိပ်ချင်မူးတူး ရုပ်တွေနဲ့မို့ ယွန်းတို့ကို ကြည့်ပြီး အကုန်လုံး ပြုံးစိစိနှင့် ။

သွားမယ်ဆိုတဲ့နေရာက သိပ်တော့ အဆန်းကြီး မဟုတ် အင်းလျားကန်ထက် ၄ ဆလောက် ကျယ်သည့် ကန်ရေပြင်အကျယ်ကြီး တစ်ခုသာ ။ ထိုင်နေတဲ့နေရာမှာ လေအေးတစ်ချို့ဖြတ်ပြေးသွားသောကြောင့် နေ့လည်က ပူလောင်အိုက်စက်နေသမျှ အခုမှ နည်းနည်း ပြေသွားသယောင်။ အနားယူ အပန်းဖြေသည့် နေရာမှာတော့ အုန်းရေတို့ ရေခဲချောင်းတို့ရောင်းသည်။ သူငယ်ချင်းတွေကတော့ ထုံးစံ အတိုင်း အလှအပကို စိတ်အေးလက်အေး မခံစားနိုင် သူ့ထက်ငါ အပြိုင် ဓာတ်ပုံမှတ်တမ်းတင်နေကြသည်။

ယွန်းက ဓာတ်ပုံရိုက်ချင်သည် ဒါပေမယ့် တစ်ယောက်တည်း ပုံပဲ ရိုက်ချင်သည်။ တစ်ယောက်ယောက်ကို တစ်ယောက်တည်းပုံလိုချင်လို့ ရိုက်ခိုင်းနေစဥ်  သူငယ်ချင်းတွေ ကိုယ့်ဘေးကို အလုံးအရင်းနဲ့ ဝင်လာတာလည်း ၁ခါ ၂ခါ မဟုတ်တော့ စိတ်ပျက်စပြုလာ၏။ မိန်းကလေး သူငယ်ချင်းတွေဝင်လာရင် အကြောင်းမဟုတ်
ယောကျ်ားသူငယ်ချင်းတွေ ဝင်လာတာတော့ လုံးဝမကြိုက်ပါ အဲ့တာကြောင့် ဓာတ်ပုံလည်း ရိုက်ခိုင်းမနေတော့ပဲ ကန်ရေပြင်ကြီးကိုသာ တစ်မေ့တစ်မောကြီး ငေးကြည့်နေလိုက်တော့သည်။

တောင်အာရှဆီမှ နှလုံးခုန်သံWhere stories live. Discover now