Episode 50(Final) - တောင်အာရှဆီမှ နှလုံးခုန်သံ

191 13 1
                                    

"သူငယ်ချင်း အပေါင်းသင်း တွေ ချစ်ရတဲ့သူတွေ အများကြီးရှိတဲ့နေရာကိုရောက်လာပြီမို့ ကိုယ့်ကို တန်ဖိုးထား ဂရုစိုက်ပြီး ချစ်ပေးတဲ့သူတွေကို တုံ့ပြန်မေတ္တာအပ်နှင်းရင်း နေ့ရက်တွေကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းသွားတော့မည်။"

****************

မနက် ၄နာရီလောက်ကျတော့ ဆရာလေးတွေ ထကုန်ပြီး သွားတိုက်မျက်နှာသစ်ပြီး တရားမှတ်နေကြသည်။ သူတို့နိုးနေတာ သိသော်လည်း ကိုယ့်မှာ မထချင်သေး ဒါပေမယ့် ဆက်အိပ်နေလို့ မကောင်းတာမို့ ထဖို့လုပ်တော့ဆရာလေးတစ်ပါးက

" အိပ်အိပ် ကလေးအိပ် အရုဏ်ဆွမ်းစားခါနီးမှ ဆရာလေးတို့ နှိုးလိုက်မယ်"

ဆွမ်းစားချိန်မှ ကပ်ပြီး မထချင်သော်လဲ အိပ်ရေးမဝသေးတာတော့ အမှန်ပင် ၊ ဆယ့်ငါးမိနစ်လောက် မှိန်းပြီး ထလိုက်ပါသည် ။ မီးဖိုချောင်ထဲသွားတော့ ဆရာလေးအချို့ဆွမ်းချက်နေကြသည်။ အခန်းထဲခေါ်သိပ်သော ဆရာလေးတွေကတော့ ဆရာကြီးအတွက် သီးသန့်မနက်စာပြင်နေတာမို့ သူတို့ကို ကူညီလုပ်ကိုင်ပေးနေတုန်း မပညာဝတီရောက်လာသည်။ ဆရာလေးကို ကြည်လင်သော အပြုံးနဲ့ ပြုံးပြမိတော့ ဆရာလေးကလဲ ပြန်လည်ပြုံးပြရင်း

" ကပ္ပိယ ရနေပြီပေါ့ " ဆိုပြီး ကူညီလုပ်ကိုင်ပေးနေသော ဆရာလေးကို စကားဆိုလာ၏။

ဂျုံနဲ့ ကြက်ဥကို မွှေနေသည်မို့ အနေအထားကို ပြမိသည် ဆရာလေးက ရပြီဆိုသည့်အတွက် ထားထားလိုက်သည်။ ရုံးပတီသီး နှင့် အသီးတစ်မျိုးကိုရောပြီးတော့လဲ ချက်နေသေးသည်။ အနံ့က မကောင်းလှ ဟင်းရသွားတော့ ဆရာလေးက မိမိကို မြည်းကြည့်ဖို့ နည်းနည်းယူပေးရင်း

" ငါးပိထည့်ချက်ထားတယ် ကြိုက်လား"

" သြော် ငါးပိထည့်ထားတာလား အဲ့ဒါကြောင့် အနံ့က တစ်မျိုးကြီးပဲလို့ စဥ်းစားနေတာ တပည့်တော်က သက်သတ်လွတ်ဘုရား ဆရာလေးတို့ ငါးပိဘယ်လိုရလဲ"

" မြန်မာပြည်က ဒကာမကြီးတွေယူလာပေးတယ်လေ"

" မှန်ပါ့ မြန်မာအစားအသောက် သိပ်မကြိုက်ဘူး"

အားလုံးချက်ပြုတ်ပြီးစီးတော့ အရုဏ်ဆွမ်းစားကြသည်။ မနက်စာစားပြီး ဓမ္မာရုံဆီဆင်းလာတော့ တရားပွဲစဖို့ပြင်နေကြပြီ TV Channel တစ်ခုကလဲ ရိုက်ကူးဖို့ရောက်နေ၏။ သိပ်မကြာမီ ပရိသတ်တွေ တစ်ဖွဲဖွဲရောက်လာကြသည် ဘုရားရှိခိုးကတော့ ပါဠိမို့လို့ မိမိနားလည်ပါသည်။ တရားပွဲစတော့ တရားဟောတဲ့ ဆရာလေးက ပါဠိလိုဟောနေတာမို့ နားမလည်သော်လည်း လူအမျိုးသားတွေပါ အောက်မှာထိုင်ပြီး ရိုရိုသေသေနာယူနေတာ မြင်ရတာ ကျေနပ်ဖွယ်ကောင်းလှသည်။ ဆရာလေးရဲ့ အသံတော်က တည်ငြိမ်သည် ကျမ်းဂန်ထဲက ပုံပြင်တစ်ခုခုကို ကောက်နှုတ်ပြီး ဟောပြောနေဟန်တူသည် မိမိရင်းနှီးသော နာမည်တွေ ပါလာသည်လေ။ တရားပွဲပြီးတော့ ခုံပေါ်မှာ အတူနေရာယူထားကြသော ဆရာလေးတွေထဲက တစ်ပါးက သူရှေ့က ဖလားထဲမှာ လူတွေလာလှူထားသော ပိုက်ဆံတွေကို ကလေးမလေး တစ်ယောက် လက်ထဲ ထည့်ပေးပြီး ဆရာလေးတွေ အားလုံးစီ လိုက်လှူစေသည် အဲ့ဆရာလေးလဲ မျက်မှန်နဲ့ မျက်လုံးမှေးမှေးလေး မပဝရနဲ့ပင် တူသေးတော့သည်။ ဆရာလေးနဲ့ ကလေးမလေးကို ကြည့်ပြီး ကြည်နူးလိုက်တာ တကယ်တော့ ကိုယ်လဲ
အဲ့လိုပဲ ဖြစ်စေချင်ခဲ့တာပါ မှားတာရှိရင် ဆုံးမပြီး အပြစ်ရှိရင် ထောက်ပြစေချင်ခဲ့တာ သူက လူကြီးပဲလေ ပြီးတော့ တရားပြဆရာ ၊ သေချာတရားပြပေးပြီး ထိန်းပေးရင် ကိုယ်လဲ အပြီးသတ် ပယ်ဖျက်နိုင်ခဲ့မှာပဲ ကြည်နူးစိတ်တွေက ဝမ်းနည်းမှုဘက်ကို ယိမ်းယိုင်လာတာမို့ အလျင်အမြန် ထိန်းလိုက်ရသည် အတန်အသင့် ရင့်ကျက်လာပြီ ထင်ပါရဲ့။

တောင်အာရှဆီမှ နှလုံးခုန်သံDonde viven las historias. Descúbrelo ahora