Episode 10 - တောင်အာရှဆီမှ နှလုံးခုန်သံ

63 3 0
                                    

"တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင်ရော သူမနှလုံးသားထက်မှာ ကိုယ်မှတ်တမ်းတင်ခံခွင့် ရနိုင်ပါ့မလား "

**********

Delhi မှာ နေလိုက်ရသော တစ်ပတ်တာသည် အိပ်မက်ပမာ၊ Circus ထဲက လိုမျိုး တစ်ခုခု လုပ်​ပြပြီး ပိုက်ဆံတောင်းတဲ့ ကလေးတွေ ဆန်ပြာနေတဲ့ အမျိုးသမီးတွေ သုံးဘီးမောင်းသမားတွေနဲ့ ဒီမြို့ကြီးက တစ်ပတ်ဆိုသောအချိန်အတွင်းမှာပင် ကိုယ်နဲ့ အသားကျနေပြီ။ ဒီမြို့ကြီးမှာ နေလို့ မဝသေးခင် နောက်တစ်မြို့ကို ခရီးနှင်ရဦးမည် ရေပန်းမှ ကျလာသော ရေနွေးနွေးအောက်မှာ ရပ်နေရင်း အတွေးတို့ကို အဆုံးသတ်လိုက်သည်။ Program Schedule ကို ကြည့်လိုက်တော့ ဒီနေ့သွားရမယ့်နေရာက တက္ကသိုလ်တစ်ခု ၊ အသွားချင်ဆုံးနေရာတွေထဲက တစ်ခုပဲ ဆိုပါတော့ တက္ကသိုလ်ဆိုတဲ့ အမည်နာမ ကို တွေ့လိုက်ရတာနဲ့ ရင်ထဲမှာ နွေးသွားသည်။

မနက် ၈ နာရီဆိုတာနဲ့ ကားပေါ်မှာ လူစုံနေပြီ ၊ မရိုးနိုင်သော မြင်ကွင်းတွေနဲ့ လှချင်တိုင်း လှနေသည့် Delhi မြို့ကြီးရဲ့ နေရာအချို့ကို ဖြတ်ကျော်ပြီးတဲ့ နောက်မှာတော့ လိုရာခရီးသို့ ရောက်လာပြီ။အုပ်ဆိုင်းဆိုင်း အပင်တစ်ချို့ရယ် လိမ္မော်ရောင် သုတ်ထားသော်လည်း ကြောင်သည်ဟု မထင်ရဘဲ ကြည့်ကောင်းနေသော ကျောင်းအုတ်နံရံတွေရယ် အပင်တွေပေါ် လျှောက်ပြေးဆော့နေသော ရှဥ့်ကလေးရဲ့ အော်သံနဲ့ ကျောင်းပရဝုဏ်သည် နွေးထွေးလွန်းသလို အရာအားလုံးဟာ အသားကျနေသလို ခံစားရသည်။ ဆရာ၊ ဆရာမနွေရဲ့ မျက်နှာထက်က ဖော်ရွေလွန်းတဲ့ အပြုံးတွေ ပွေ့ဖက်နှုတ်ဆက်မှုတွေ ဒီလို ဒီလို အကြောင်းတွေက ယွန်း India မှာ ကျောင်းလာတက်ချင်အောင် ညို့ယူနိုင်တဲ့ အချက်တွေထဲက တစ်ခုဖြစ်သည်။

မနက်စာကို Hotel မှာ စားခဲ့ပြီ ဖြစ်သော်လည်း ကျောင်းက coffee ရယ် ရိုးရာမုန့်တွေရယ်နှင့်
ထပ်ဧည့်ခံသည်။ ပြည့်နေပြီဖြစ်သော အစာအိမ်က ရိုးရာမုန့်တွေမြင်တော့ ထပ်ထည့်ဖို့ကို တိုက်တွန်းနေပြန်သည်။မနက်စာ စားပြီးတော့ Grand Ball Room ထဲ မှာ ကျောင်းရဲ့ ဆောင်ရွက်ချက်တွေကို ကဏ္ဍအလိုက် သက်ဆိုင်ရာ ဆရာမတွေက စိတ်ရှည်လက်ရှည် ရှင်းပြကြသလို Participant တစ်ယောက်ချင်းစီရဲ့ အကြံပြုချက်တွေကိုလည်း လေးလေးနက်နက် နားထောင်ပြီး ပြန်ဆွေးနွေး၏။ စာသင်ခန်းတစ်ခုအတွင်း ရောက်နေတာနဲ့ မတူပဲ လူကြီးလို နေရာပေးပြီး ဆက်ဆံခံရတာက ကျေနပ်ဖွယ်ကောင်းလှသည်။ Delhiမှာ နေခဲ့ရသော နေ့တွေထဲမှာ ကျေနပ်ဖွယ်ရာ အကောင်းဆုံး နေ့ပါပဲ။

တောင်အာရှဆီမှ နှလုံးခုန်သံWhere stories live. Discover now