Ch-10 : နောက်ပြန်ဆုတ်ခြင်း-၁

1.3K 145 0
                                    

Ch-10: နောက်ပြန်ဆုတ်ခြင်း-၁

နိုဗယ် Extra ထဲက ဇာတ်ကွက်ဖြစ်တဲ့လူဆိုးဂိုဏ်းများက "သူမ"၏လည်ပင်းကိုညှစ်သတ်သည့် မြင်ကွင်းနှင့်သူမ မက်တဲ့ ထူးထူးဆန်းဆန်း အိပ်မက်ထဲက မြင်ကွင်းမှာ တိုက်တိုက်ဆိုင်ဆိုင်တူနေသည်။

လင်းရီဇီရှိနေခြင်းမှလွဲ၍...။

ဝတ္ထုထဲတွင် "လင်းရှီ" က ဒီအဖြစ်အပျက်ကို သူ့ကိုယ်သူမသိလိုက်ခင်မှာပဲလင်းရီဇီ ကိုမြင်လိုက်ပုံပေါ်သည်။

ဒီလိုသာဆိုရင်ဘာကြောင့် အိမ်မက်ထဲ လင်းရီဇီကို မြင်တာလဲ?။သူမ၏အိပ်မက်ထဲတွင် သူပြုံးနေသော်ငြားထိုကဲ့သို့ ရက်စက်တဲ့အပြုံးမျိုးတစ်ခါမှမမြင်ဖူးပေ။

လင်းရီဇီရဲ့ပုံစံကို တွေးကြည့်ရင်း သူမ ကြောက်လန့်လာသည်။

လင်းရှီသည် ခေါင်းကို ပြတင်းပေါက်ဘက်သို့လှည့်ထားသည်။ထိုပုံစံကြောင့်ကျန့်လျိုမှာ နှလုံးသား နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။

မထွက်ခွာမီခင်သမီးဖြစ်သူ စိတ်ပူနေတာ သတိရလိုက်ပြီး စိုးရိမ်လာသည်။

လင်းရှီ က အလွန်ထက်မြက်သော ကလေးဖြစ်သည်။အပြန်လမ်းကို အလွတ်ကျက်နိုင်လိမ့်မည်။

"ရှောင်ရှီ အဖွားတို့လမ်းပေါ် ရောက်တာနာရီပိုင်းရှိပြီ။‌ ပြတင်းပေါက်အပြင်ဘက် ကြည့်နေတာတာ မပင်ပန်းဘူးလား?။တစ်ရေးတစ်မော အိပ်သင့်တယ်"

လင်းရှီသည် ကျန့်လျိုရဲ့စကားကိုကြားတော့ခေါင်းတစ်ဖက်ပြန်လှည့်လာပြီး ခေါင်းညိတ်ကာ မျက်လုံးမှိတ်ချလိုက်သည်။

ကျန့်လျိုသည် ၎င်းကိုကြည့်ရင်းကျေနပ်စွာပြုံးနေတော့သည်။

သူ မသိခဲ့တာက လင်းရှီ အတွက် လမ်းကြောင်း အလွတ်ကျက်ရန် ကြိုးစားဖို့မလိုအပ်ပေ။ရွာကို ခေါ် သွားမယ်ဆိုတာ သိတည်းက တိကျသေချာအောင် ထိုရွာအကြောင်းနှင့်လမ်းကြောင်းများ မှတ်ထားခဲ့သည်။စားသောက်ဆိုင်များ၊အနားယူရန်နေရာများနှင့်မိုတယ်များကဲ့သို့သော နေရာများလည်းမှတ်ထားခဲ့သည်။

ထို့နောက် လင်းရှီ သည်တကယ် အိပ်ပျော်သွားခဲ့သည်။

ကျောင်းရွာကို ရောက်လာသောအခါ လင်းရှီ သည် နိုးလာပြီး နေ့လည်းခင်းအချိန်ဖြစ်သည်။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Where stories live. Discover now