Ch-35 : " ရိုက်ထားတဲ့ ပုံကိုချက်ချင်း ပို့လိုက်တယ် - ၃"

1.5K 166 0
                                    

Ch-35 : " ရိုက်ထားတဲ့ ပုံကိုချက်ချင်း ပို့လိုက်တယ် - ၃"

အန်တီမိန်သည် လင်းရှီ ကိုထမင်းစားခန်းထဲ ခေါ် လာခဲ့သည်။

အန်တီမိန်ပြောတဲ့ ညစာက သာမန်ဟင်းပွဲအနည်းငယ်ပဲလို့ လင်းရှီ ထင်ခဲ့သည်။ထမင်းစားခန်းထဲ လျှောက်လာပြီး အထဲကိုကြည့်လိုက်ရာ မန်ချူး-ဟန် ဧကရာဇ် စားပွဲတော် ကို ကြည့်နေရသလိုမျိုးဟု တွေးမိပြန်သည်။

"...." အဘွားမိန်က နှစ်ယောက်စာထပ်ပိုတဲ့ဟင်းပွဲတွေနည်းနည်းစီချက်ရင်း ဒီလောက်များသွားတယ်လား?

လင်းရှီ ရဲ့အံ့အားသင့်နေတဲ့ အကြည့်ကိုကြည့်ရင်း အဘွားမိန်က ချက်ချင်းရှင်းပြလာသည်။" သခင်မလေး ရှီ ကြိုက်တာမသိလို့အားလုံး နည်းနည်းစီလုပ်ထားတာ "

အမှန်က ညစာပြင်ချိန်တွင် အဘွားမိန်က လင်းရှီ အတွက် အားလုံး ပြင်ဆင်ပေးချင်နေခဲ့ပြီး ကောင်းမယ်ထင်တဲ့ ဟင်းပွဲအားလုံး တက်နိုင်သမျှပြင်ရင်း အမှတ်မထင် ချက်မိသွားခဲ့တာဖြစ်သည်။

" သမီး ကြိုက်တာတစ်ခုရွေးလိုက် "

"သခင်မလေးရှီ က ဘာကြိုက်တတ်လဲ"

" သမီး အားလုံးစားပါတယ်.."

"အာ ..သမီးက အစားရွေးသူမဟုတ်ဘူးပဲ။အဲဒါ အံ့ဩစရာပဲ။"

လင်းရှီ : "..."

"အထူးကြိုက်နှစ်သက်တာရှိလား? " အဘွားမိန်ထပ်မေးပြန်သည်။" ချိုတာ ဒါမှမဟုတ် ခါးတာမျိုး ကြိုက်တာရှိလား?"

လင်းရှီ တချို့ကိုစဥ်းစားမိပြီးပြောလိုက်သည်။" ချိုတာ "

"အစပ်စားနိုင်လား?"

လင်းရှီ ခေါင်းခါလိုက်သည်။

"ဒါဆို ချိုတာနဲ့ချဥ်တာ ဆိုရင်ကော?"

"ဟုတ်ကဲ့ စားပါတယ်" လင်းရှီ ခေါင်းညိတ်လိုက်သည်။

အန်တီမိန် ပြုံး၍ပြောသည်။ " သခင်မလေးရဲ့အကြိုက်က သခင်ကြီးနဲ့တူတူပဲ"

အဘွားမိန် ရည်ညွန်းသည့် သခင်ကြီးဆိုသူက ဘယ်သူမှမသိပေမဲ့ သူမ သိသလောက် ကုရှောင်း နဲ့သူမကိုပြောနေတာဖြစ်ရမည်။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Where stories live. Discover now