Ch-159 :ရှန်းရိူးရန် ကို ကြိုက်တဲ့မိန်းကလေးတွေအများကြီးရှိတယ် -၁"

248 31 0
                                    


Ch-159 :ရှန်းရိူးရန် ကို ကြိုက်တဲ့မိန်းကလေးတွေအများကြီးရှိတယ် -၁"

ဝမ်ဝု သည်ပြန်ဖြေသည့် မန့်များကို အမြန်ဖတ်ကြည့်ပြီး သူ့‌ဘော့စ် စောစောက ဘာလို့မျက်မှောင်ကြုံ့နေသလဲ အနည်းနဲ့အများသိလိုက်တယ်။

"သခင်မလေးရှီကတိုလီမုတ်စ၊အလှပစ္စည်းတွေ ဝယ်ဖို့မုန့်ဖိုးလိုချင်တာဖြစ်လောက်တယ်" ဝမ်ဝု အသံတိုးတိုးဖြင့် မဝံ့မရဲပြောလိုက်သည်။ပြောရလျှင် မိန်းကလေးတိုင်းက ချစ်ဖို့ကောင်းတဲ့ တိုလီမုတ်စလေးတွေဝယ်ရတာ ကြိုက်ကြသည်။

ကုရှောင်း မတုံ့ပြန်ပဲ သူဒေါင်းလုဒ်လုပ်ထားတဲ့ နောက်ထပ်ဆောင်းပါးများကိုဖွင့်ကြည့်နေသည်။

‌ဆောင်းပါး နာမည် - "သားသမီးတွေကို မုန့်ဖိုးပေးရတဲ့ အဓိပ္ပာယ်။"

"ကလေးတစ်ယောက်ဟာ အသက်အရွယ်အလိုက် မုန့်ဖိုးလိုချင်တာ ပုံမှန်ပါပဲ။သင့်ကလေးကို မုန့်ဖိုးပေးခြင်းသည် ၎င်းတို့အား လှိုက်လှိုက်လှဲလှဲဖြစ်စေရန် သို့မဟုတ် အခြားသူများနှင့် ယှဥ်ပြိုင်ရန် အားပေးမှုမဟုတ်ပါ။သူတို့ငွေကို ဘယ်လိုသုံးရမလဲ ဆုံးဖြတ်ဖို့နဲ့ ကြိုတင်စီစဥ်နည်းကို လေ့လာဖို့ အခွင့်အရေးတစ်ခုလည်းဖြစ်တယ်။......"

ကောင်းပြီ၊ဒါကတော့ မဆိုးဘူး။ကုရှောင်းတိတ်တိတ်လေး ခေါင်းညိတ်သဘောတူမိသည်။

ဝမ်ဝုသည် တုန်လှုပ်ခြောက်ချားဖွယ်အခြေအနေ က ပြန်မသက်သာသေးခင် ကုရှောင်းက တစ်စုံတစ်ယောက်ဆီ ဖုန်းခေါ်လိုက်သည်။ကုဖန် ဆီဖုန်းခေါ် ဆိုတာဖြစ်သည်။

ကုဖန်၏ဖုန်းဆီမှ 'တီတီ' အသံကိုကြားရပြီး ဖုန်းကိုင်လာသည်။

"ဘာကိစ္စရှိလို့လဲ လောင်အာ(ဒုတိယ) "

"မင်း အခု အလုပ်ရှုပ်နေလား?"

"မဟုတ်ဘူး။သိပ်အလုပ်မရှုပ်ဘူး။ဘာများလဲ?" ကုဖန်ကလေးလေးနက်နက်မေးလာသည်။

အထူးသဖြင့် ကုရှောင်း ဒီအချိန် ဖုန်းခေါ် ခဲသည်။ကုရှောင်း သူ့ကိုအရေးကြီးတဲ့ကိစ္စတစ်ခုခုပြောစရာရှိလို့နေမည်။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Hikayelerin yaşadığı yer. Şimdi keşfedin