Ch-93: "ကုရှီ လီမင်ကျောင်းနာမည်ကြားပေမဲ့ အရမ်းအာရုံမစိုက်ဘူး-၁"
မိနစ် 60 အချိန်ပြည့်သောအခါ ဆရာများသည် မေးခွန်းများ ပြန်သိမ်းခဲ့သည်။
ဆရာမ ၄ ယောက် ချက်ချင်းစစ်ဆေးပြီး ချက်ချင်းအဆင့်သတ်မှတ်ကြသည်။
ဌာနာမှုးသည် ကျောင်းသားတိုင်းရဲ့စာမေးပွဲ စာရွက် ကိုသေချာစစ်ခဲ့သည်။တခြားဆရာများနဲ့ဆွေးနွေးပြီး နောက်ဆုံး အဖွဲ့ဘယ်လိုခွဲမလဲ အဆုံးအဖြတ်ကို ရောက်ရှိလာသည်။
"အသင်းခွဲဖို့ ကြောငြာခွင့်ပြုပါ" ဌာနမှုးသည် စာသင်ပုန်းအပေါ်ရေးရင်း စကားပြောလိုက်သည်။
"ပြိုင်ပွဲ၁၊သင်္ချာ - ကုရှီ၊ရှန်းရိူးရန်၊ဝမ်ကျန့်ဝေ။"
"ပြိုင်ပွဲ ၂၊ဓာတုဗေဒ-......"
အဖွဲ့တစ်ခုစီ၌ ကျောင်းသား ၃ ယောက် ပါရှိသည်။
အံ့ဩဖို့ကောင်းတာက ကုရှီ ၊ရှန်းရိူးရန်၊ကုချန်းရီတို့ နှစ်ကြိမ်ဝင်ပြိုင်ရမည်။
ကျန်သည့် ကျောင်းသားများမှာ ဂျုနီယာအဆင့် ထိပ်ဆုံး ပြိုင်ပွဲက လွဲ၍ပြိုင်ပွဲတစ်ခု စီသာ ဝင်ပြိုင်ကြမှာဖြစ်တယ်။
အနည်းဆုံး ရန်ကျဲ က ဂျုနီယာအတန်းရဲ့ထိပ်ဆုံး ကျောင်းသားဖြစ်သည်။ဒါ အဓိပ္ပာယ်ရှိတယ်။
ကုရှီနဲ့တခြားသူတွေ ဒုတိယနှစ်ကျောင်းသားတွေ။သူတို့ ၃ ယောက်ကိုပဲ လေးလံတဲ့ ပြိုင်ပွဲတွေ ဝင်ဖို့ ဘာလို့ ရွေးချယ်တာလဲ?
တခြားကျောင်းသားများ အံ့ဩသွားကြသည်။
တခြားသူတွေ ကုရှီနဲ့တခြားမေးခွန်းစာရွက်ကိုတလှည့်စပ်စုကြည့်ကြတယ်။သူတို့ ကြားက ကွဲခြားချက်ကို သိချင်နေကြတယ်။
သူတို့ကို မြင်သောအခါ ကြောင်အသွားတော့သည်။
"အမ်......" ကုရှီရဲ့စာမေးပွဲစာရွက်က ရိုးရိုးရှင်းရှင်းပဲလား?
_ ဒါတွေ ဖြေရှင်းဖို့အဆင့် ၇-၈ ဆင့်လောက် လိုအပ်တယ်၊သူမအတွက် ၃ ကြောင်းတည်းနဲ့လား?
သူမ အဆင့်အများကြီးကျော် သွားပုံပဲ။
_
အနည်းဆုံး ကုရှီ က မေးခွန်းလွှာပေါ် ရေးထားတာရှိသေးသည်။ကုချန်းရီနဲ့ရှန်းရိူးရန်က ပိုတောင်ဆိုးသေးတယ်!
ESTÁS LEYENDO
ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။
RomanceM-13. I Have Decided to Go Look for My Father. Paid- Completed. 3000MMK.