Ch-61 : "ကုရှောင်းသူတို့အားလုံးကိုခြိမ်းခြောက်ပစ်ခဲ့တယ် - ၃"

1.4K 155 2
                                    

Ch-61 :"ကုရှောင်းသူတို့အားလုံးကိုခြိမ်းခြောက်ပစ်ခဲ့တယ် - ၃"

စုန့်ရှီရှန်း သည် ကားထဲက ဆင်းလာတဲ့လင်းရှီ ကို သတိထားမိပြီး မှတ်မိသွားပုံပေါ်၏။

စုန့်ရှီရှန်း သည် အနည်းငယ် အံ့သြသွားသည်။သူ လျှောက်လာရင်း လင်းရှီ ကိုကြည့်ပြီး မသေချာမရေရာ မေးလိုက်သည်။

" ရှောင်ရှီ? "

လင်းရှီ သည်ခေါင်းညိတ်လိုက်သည်။

စုန့်ရှီရှန်း လည်း ကြောင်တောင်တောင်နဲ့ခေါင်းညိတ်သည်။

သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးကြဘူး။တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် က သူစိမ်းတွေလိုပဲ။ထိုသူသည် သူ့မြေးဖြစ်မှန်း သိပေမယ့်ဘာပြောရမှန်း မသိချေ။ဒီမှာဘာလုပ်နေလဲ? လို့မေးဖို့တောင် မေ့နေ၏။

"သကြားလုံးလာယူ" စုန့်ရှီရှန်းသည် အိတ်ကပ်ထဲမှ သကြားလုံးလက်တစ်ဆုပ်စာထုတ်၍ လင်းရှီ ကိုပေးလိုက်သည်။သူ့မျက်လုံးထဲ အပြုံးတစ်ခု ရှိနေသည်။အခုလေးတင် ကျင်းပတဲ့ပွဲကနေ လာယူတာဖြစ်တယ်။

လေထုသည်အနည်းငယ် အဆင်မပြေဖြစ်နေ၏။

စုန့်ရှီရှန်းသည် လင်းရှီ၏ဘေး၌ ရပ်နေသော ကုရှောင်း ကို သတိထားမိသည်။ထိုလူက ဘာမှ မပြောဘဲ ကြည့်နေသည်။ဒီလူ က သူ့သမီးရဲ့ယောက်ျားမဟုတ်ဘူး။ထိုလူက ဘယ်သူလဲ?။

"ဒါ သမီးရဲ့အဖေ။သမီးရဲ့အဖေ အရင်း"

ထို့နောက်လင်းရှီသည် ကုရှောင်း ဘက်လှည့်ပြီး စုန့်ရှီရှန်း က ဘယ်သူဆိုတာ ပြောပြသည်။

ကုရှောင်း စုန့်ရှီရှန်းကို တစ်ချက်ကြည့်၍ နှုတ်ဆက်သည့်ပုံစံဖြင့် ခေါင်းညိတ်ပြသည်။

သာမန်လူမဟုတ်တဲ့ လူငယ်လေးရှေ့မှာ ရပ်နေတဲ့စုန့်ရှီရှန်းသည် ကြောက်ရွံ့နေပြီး ကူရာမဲ့နေသည်။စုန့်ရှီရှန်းသည် ရွာ လမ်းဘက်ဦးတည်မထွက်သွားခင် ခြောက်ကပ်ကပ်ဖြင့် ခေါင်းညိတ်ပြခဲ့သည်။

ဒီနေရာ၌အဖေနဲ့သမီးသူတို့နဲ့ဝေးရာကို လျှောက်သွားတဲ့လူ ကို ကြည့်နေခဲ့ကြသည်။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Where stories live. Discover now