Ch-161 : "ရှန်းရိူးရန် ကို ကြိုက်တဲ့မိန်းကလေးအများကြီးရှိတယ်-၃""ငါတို့အခန်းနဲ့အတန်း၁၇?" ကုရှီ သည် အခြားအတန်းမှ ပရိသတ်များ ရှိသော်လည်း သူတို့အတန်းနှင့်ကုချန်းရီအတန်းမှ ကျောင်းသား များ ပိုများတာသတိပြုမိသည်။
"မဟုတ်ဘူး။" ဒေါင်မင်မင်က စောင့်ဆိုင်းသည့်နေရာကို လက်ညှိးထိုးသည်။"ဟိုကိုကြည့်။ဒါ ဂျုနီယာတွေ။"
"ဒီနေ့ ဒုတိယနှစ်နဲ့ဂျုနီယာ တို့ ပြိုင်ပွဲ "ချစ်ကြည်ရေးပွဲတစ်ခုသာဖြစ်ပြီး ရလဒ်ကို အတန်းတစ်ခုစီ၏တစ်ဦးချင်းမှတ်တမ်း၌ ထည့်သွင်းမည်မဟုတ်။မည်သို့ပင်ဆိုစေကာမူ ဒီပွဲက လူတော်တော်များများကိုဆွဲဆောင်မိစေတဲ့ပွဲဖြစ်သည်။
ဒုတိယနှစ်နှင့်ဂျုနီယာတို့သည်သူတို့ရဲ့အကောင်းဆုံး ကစားသမားများနှင့်ဖွဲ့စည်းထားပြီး ကစားကြမှာဖြစ်သည်။
"ရှန်းရိူးရန်နဲ့ကုချန်းရီတို့လည်း ကစားကြမှာ။ဒါရှားရှားပါးပါးပဲ။နင်သိလား? " အထူးသဖြင့် သူတို့ နှစ်ယောက်တသင်းထဲ အတူကစားကြမှာ!
ဒေါင်မင်မင်သည် စိတ်လှုပ်ရှားနေပြီး ကုရှီကို ဘတ်စကတ်ဘောဒဏ္ဍာရီအကြောင်းပညာပို့ချတော့သည်။
ထိုသို့ပြောပြီးနောက် ဒေါင်မင်မင် အနည်းငယ်နောင်တရမိတယ်။။"နှမြောဖို့ကောင်းတာက ကုရန်ရှောင် ဒီနေ့မလာတာပဲ။မဟုတ်ရင် ပြီးပြည့်စုံနေမှာ"
ကုရန်ရှောင်....။
ကုရှီ သည် ဒီအကြောင်းgroup chat ထဲမှ သိပြီးဖြစ်တယ်။ကုရန်ရှောင်သည် ဓာတုဗေဒအတန်းချိန်၌ ခမ်းနားသည့် လုပ်ဆောင်ချက်လုပ်ဆောင်ခဲ့ပြီး ဓာတ်ခွဲခန်းကို ပေါက်ကွဲလုနီးပါးဖြစ်စေခဲ့သည်။ဒါ့ကြောင့် ဆရာမ က ဓာတ်ခွဲခန်းကို သန့်ရှင်းရေးလုပ်ဖို့အပြစ်ပေးခဲ့သည်။
သို့ပေမဲ့ ကုရန်ရှောင်းကအရာအားလုံးသူ့ထိန်းချုပ်မှုအောက်ရှိနေပါလျက် ဆရာမကတုန့်ပြန်တာ လွန်ကဲကြောင်းစိတ်ဓာတ်ကျစွာgp ထဲ အထပ်ထပ်အခါခါ ပြောနေတော့သည်။
"အင်း အတန်း ၆ က ကျဲဖန်က တစ်ဝက်လောက်မဆိုးဘူးပဲ ဟီး" ဒေါင်မင်မင်သည် fangirl လေးလိုဖြစ်သွားပြီးရေရွတ်နေလေသည်။ကုရှီ ဒေါင်မင်မင်ရဲ့ရှင်းပြချက်အပြီး လူဘာလို့များနေသလဲဥာဏ်အလင်းပေါက်သွားသည်။
YOU ARE READING
ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။
RomanceM-13. I Have Decided to Go Look for My Father. Paid- Completed. 3000MMK.