Ch-51 : "ဒါ့ကြောင့် သူ့အပေါ် ကပ် ဖားနေတာလား? - 4"
တခြားတဖက်၌ ၊ NTN Technology Centerတွင် ကုရှောင်း အနည်းငယ်ပျော်ရွှင်နေ၏။
NTN နည်းပညာစင်တာကိုရောက်တော့ သူ့ရုံးခန်းသို့မသွားဘဲ ကျုံဟွာ ၏ရုံးခန်းသို့ တန်းတန်းမတ်မတ်သွားသည်။
"မင်းတစ်ခုခုရပြီလား?" ကုရှောင်း ဝင်လာတာနဲ့ ကျုံဟွာ ကိုမေးလိုက်သည် ။
"အင်း. အသံဖိုင်တစ်ခုရှိတယ်။ ဒီမှာ " ကျုံဟွာ ကုရှောင်းနဲ့ စကားပြောနေရင်း USB drive ကို ပေးလိုက်သည်။
သူ၏မိတ်ဆွေရဲ့ သိက္ခာကို လေးစားသောကြောင့် ကျုံဟွာ အသံဖိုင်ကို နားမထောင်ခဲ့ပေ။
သို့သော် စူးစမ်းချင်စိတ်ကြောင့် အကြောင်းအရာကို သေချာသောနည်းလမ်းဖြင့် scan ဖတ်ခဲ့သည်။ စာရွက်စာတမ်းများ ကို virus scan ဖတ်ခြင်းနှင့် ခပ်ဆင်ဆင်တူသည်။
ကျုံဟွာ ကို အံ့အားသင့်စေတာက သူဘာမှမသိလိုက်တာပဲ။
"ကျေးဇူးပဲ"
ကုရှောင်း၏ နောက်ကျော ကို ကြည့်၍ ကျုံဟွာ မတက်နိုင်ပဲ တီးတိုးရေရွတ်မိတော့သည်။
"ငါကတော့ လုပ်ပေးလိုက်တာပဲ။ အခု ငါ ပိုတောင်သိချင်လာတယ်။ "
သူ့သူငယ်ချင်းကောင်းဘော့စ် ညသန်းခေါင်ယံ ဆက်သွယ်ပြီး လုပ်ခိုင်းတဲ့တန်ဖိုးရှိတဲ့အရာက ဘာများဖြစ်မလဲ?
ကုရှောင်း သူ့ ရုံးခန်းကို ပြန်လာသည်။
USB drive ကိုထည့်ပြီး ကုရှောင်းတစ်ခုတည်းသော် အသံဖိုင်ကိုဖွင့်လိုက်သည်။ ပထမဆုံးကြားလိုက်ရတာက မြေပြင်ပေါ် ကျသွားသည့် အသံဖြစ်သည်။
ထို့နောက် ထိုမိန်းကလေးရဲ့ ကြည်လင်ပြတ်သားသည့် ကြောက်စရာအသံ ကြားလိုက်ရသည်။
"မင်း......"
ကုရှောင်း ၏လက်သည် ကြွက်တက်သကဲ့သို့ ကျဉ်တက်သွားသည်။အသံဖိုင်ဖွင့်ထားတာကို ချက်ချင်းရပ်တန့်လိုက်သည်။
ဝမ်ဝု သည် လင်းမိသားစု နဲ့ ပတ်သက်သည့် သတင်းအချက်အလျက်များကိုင်၍ ရုံးခန်းထောင့်၌ ရပ်နေပြီး သတင်းပို့ဖို့ ရောက်လာတော့မည်ဖြစ်သည်။
YOU ARE READING
ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။
RomanceM-13. I Have Decided to Go Look for My Father. Paid- Completed. 3000MMK.