Ch-31

1.4K 160 0
                                    

Ch-31:"လင်းရှီ က ကျောင်းတက်ဖို့လိုတဲ့ ဂျုနီယာအထက်တန်းကျောင်းသူတစ်ယောက်ဆိုတာ ကုရှောင်း လုံးဝမေ့နေပုံပဲ။-၁"

ဆုငွေပမာဏကိုကြည့်လိုက်ရာ လင်းရှီ ရဲ့မျက်ဝန်းပြူးကျယ်သွားကာ မေးရိုးအောက်ပြုတ်ကျမတက်ဖြစ်သွားသည်။'0' ကို ရေတွက်ကာ မျက်လုံးကို ထပ်ပွတ်၍ ကြည့်လိုက်သည်။ဟုတ်တယ် ယွမ် ၁ သန်း။

ပြိုင်ပွဲတစ်ခုအတွက် ဆုငွေ က ယွမ်တစ်သန်း?ဒါအရမ်းကောင်းလွန်းတယ် မဟုတ်လား?

လင်းရှီ မတက်နိုင်ဘဲရေရွတ်မိသည်။

ဒီငွေပမာဏနဲ့ဆိုရင်သူမ‌ရဲ့ပညာရေးအတွက်ပါမက လင်းရီဇီ ကြောင့် ကုရှောင်း ဒေဝါလီ ခံသွားခဲ့ရင် သူမနဲ့ကုရှောင်း တို့ ဘဝကိုထောက်ပံ့ဖို့လုံလောက်သည်။

လင်းရှီ သည် ချီးမြှင့်မဲ့ ဆုကြေးငွေအကြောင်း စဥ်းစားရင်း နေ့ခင်းဘက်အိမ်မက်မက်နေခဲ့သည်။

ထို့နောက် ရူးကြောင်ကြောင် တခစ်ခစ်ရယ်ရင်း ခေါင်းခါယမ်းကာ စိတ်ပြန်လည်လာတယ်။

ဒီရှန်ချွမ်ပြိုင်ပွဲက ကျောင်းသားတွေ အတွက် ရည်ရွယ်တာမဟုတ်ပါ။ဒါက ပရော်ဖက်ရှင်ဆန် အတွေ့အကြုံရှိပြီးသားလူတွေ ဒါမှမဟုတ် တက္ကသိုလ် က သုတေတနလုပ်နေတဲ့ အဖွဲ့တွေကို ရည်ရွယ်တာဖြစ်တယ်။ဒီပြိုင်ပွဲဝင်ပြိုင်မဲ့ဆယ်ကျော်သက်များက ဆန်းသစ်တဲ့ အတွေးအမြင် ဒါမှမဟုတ် နည်းပညာပိုင်းဆိုင်ရာ နည်းဗျုဟာတွေ၊ပုံသေနည်းတွေ ရှိရမယ်။သို့ပေမဲ့ နောက်ဆုံးလုပ်ဆောင်ပြီးတဲ့ ပရောဂျက်ရဲ့ရလဒ် ကို သူတို့ဆီ ပို့ပေးရမည်။

သူမ သည် ဆုကြေးငွေကို ဝမ်းနည်းပက်လက် တစ်ချက်ကြည့်ရင်းသက်ပြင်းချကာ ပြိုင်ပွဲရဲ့homepage ကနေ ထွက်လိုက်ပြီးအထက်တန်းကျောင်းသားများအတွက် ရည်ရွယ်တဲ့ ပြိုင်ပွဲများရဲ့Browse များကို ပြန်သွားသည်။

Browse ကို အတော်ကြာ လှည့်ပတ်ကြည့်ရူပြီးနောက် : သာမန်အထက်တန်းကျောင်းသားများအတွက် ဆန်းသစ်တီထွင်နည်းပညာပြိုင်ပွဲနှင့်ဘာသာရပ်များပြိုင်ပွဲများတွေ့ရသည်။

လင်းရှီ သည် ဆုံးဖြတ်ချက်ကိုချပြီး လျှောက်လွှာစာမျက်နှာကို နှိပ်လိုက်သည်။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Where stories live. Discover now