Ch-49 : " ဒါ့ကြောင့် သူ့ ကို ဖားနေတာလား? - ၂"t;

1.4K 150 0
                                    

Ch-49: " ဒါ့ကြောင့် သူ့ ကို ဖားနေတာလား? - ၂"

နောက်တစ်နေ့ မနက်ခင်းတွင်။

ကုရှောင်းကအိမ်မှာပဲ ရှိနေသေးတာမြင်တေ့ာ လင်းရှီ အနည်းငယ် အံဩသွားသည်။

" Mornee ပါးပါး" သူမ ပုံမှန် အတိုင်း နှုတ်ဆက်သည်။

"လာ မနက်စာစား။"

"ဟုတ်..."

လင်းရှီ ထမင်းစားပွဲသို့ လျှောက်လာတော့ အန်တီမိန် သူတို့ အတွက်မနက်စာ ယူလာပေးသည်။

ကုရှောင်း မစားရသေးတာ သတိထားမိပြီး လင်းရှီ အနည်းငယ် အံ့ဩသွား၏။ပါးက ငါ့ကိုစောင့်နေတာလား?

"စားရအောင် ပါးပါး " လင်းရှီက ကုရှောင်း အား တူ ကို ကမ်းပေးရင်း ပြောလိုက်သည်။

ကုရှောင်း တူများကိုယူ၍ အသိအမှတ်ပြုသောကြောင့် ကုရှောင်း စိတ်ပျော်နေပုံရသည်။

" မင်းရဲ့အိမ်ထောင်စုစာရင်း ဘယ်မှာလဲဆိုတာ ရှာတွေ့ပြီးပြီ။ငါ သွားပြီး လွှဲပြောင်းလိုက်မယ်။"

လင်းရှီ ထိုစကားကိုကြားတော့ဝမ်းသာသွားသည်။"သမီးလည်း လိုက်မယ်။"

ကုရှောင်း လင်းရှီ ကို လှမ်းကြည့်နေတာ သတိထားမိတော့အသံလျှော့၍မေးလိုက်သည်။"ရမလား?"

လာမယ့် တနင်္လာနေ့မတိုင်ခင်အထိ ကျောင်းက တရားဝင်မဖွင့်သေးပါ။ဒ့ါကြောင့် နောက်ရက်တွေဆိုရင် လင်းရှီ မှာ အချိန်ရှိမည်မဟုတ်။

ကုရှောင်း လင်းရှီ ၏မျက်နှာပေါရှိ မျှော်လင့် ချက်နဲ့ဆုံးဖြတ်ချက်ကို ကြည့်၍ခေါင်းညိတ်လိုက်သည်။"ဟုတ်ပြီ။"

- - ရေး!

လင်းရှီ ပျော်ရွှင်သွားသည်။

ဘာကြောင့် အရမ်းစိတ်လှုပ်ရှားနေမှန်းကိုယ်တိုင်လည်းမသိတော့ပေ။လင်းအိမ်တော် က ဖယ်ရှားပြီး နိုဗယ်က ထိန်းချုပ်တာကို ဖယ်ရှားဖို့မစောင့်နိုင်‌အောင်ဖြစ်နေတာကြောင့် =နေမည်။

"ဒီနေ့လား? " လင်းရှီ မေးလိုက်တယ်။

" ဒီနေ့ ငါ့မှာ ကိစ္စတစ်ခုရှိတယ်။"ဟုပြောလိုက်ရာ လင်းရှီ၏မျက်လုံးထဲ စိတ်ပျက်ခြင်းဖြတ်ပြေးသွားသတိထားမိလိုက်ပြီး ထပ်ဖြည့်ပြောလိုက်သည်။"မနက်ဖြန်သွားမယ်"

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Onde histórias criam vida. Descubra agora