Ch-123 : "ဘော့စ် ! ကျောင်းဖိုရမ်ကို တကယ်ဖတ်နေတာလား။-၁"

678 59 0
                                    

Ch-123 :"ဘော့စ် ! ကျောင်းဖိုရမ်ကို တကယ်ဖတ်နေတာလား။-၁"

"စတုတ္ထနေရာ က ဘာလဲ....?" ကုရှီသည် ဒေါင်မင်မင် ကိုကြည့်ရင်း စိတ်ထွေးစွာမေးသည်။

"ဒါကလေ ဖိုရမ်မှာမဲပေးတာ"ဟု ပြော၍ သူမ ကုရှီ ကို ဖုန်းပေးလိုက်သည်။

HSAU၏ကျောင်းဖိုရမ်၏ထိပ်၌Art Festival အတွက်ကျောင်းသားကိုယ်စားပြု မဲ‌ပေးခြင်းစနစ် ရှိသည်။

ဒေါင်းမင်မင်သည် linkကို နှိပ်၍ ကုရှီ၏ဓာတ်ပုံ ကို ဝင်ကြည့်လိုက်တော့ ဓာတ်ပုံအောက်၌သူ့နာမည်နဲ့အတန်းအပြင် အဆင့်၄" လည်း ရှိနေသည်။

"ဟဟ ..ငါမဲဘယ်လိုရအောင်လုပ်ပေးရင်ကောင်းမလဲပဲ တွေးနေတာ" ဒေါင်မင်မင် ရယ်မောရင်းပြောလာသည်။

အခု အဆင့် ၄ နေရာရောက်နေတော့‌ကိုင်တွယ်ဖြေရှင်းဖို့မလိုတော့ပေ။

"ငါ့ကိုမဲပေးကြဖို့ နင် စည်းရုံးနေတာမဟုတ်ဘူးလား?" ကုရှီ မျက်ခုံးပင့်သွားသည်။

"ဘယ်ဟုတ်မလဲ!"

"ဒီမဲတွေက တရားဝင်တယ်။နင် ကိုယ်တိုင်ကြည့်ကြည့်။အောက် က လူတော်တော်များများက နင့်ကို ထောက်ခံကြတယ်။" ကုရှီသည် ဒေါင်မင်မင် ပြောသည့်အတိုင်း အောက်ကိုတချက်ကြည့်လိုက်သည်။

အောက်ခြေ၌ မန့်(မှတ်ချက်) များစွာရှိပြီး ကုရှီနဲ့ပတ်သက်သည့် အကြောင်းအရာများဖြစ်တယ်။

[ကုရှီ........? ဒဏ္ဍာရီလာကုရှီ အကြောင်း ပြောနေတာလား......?]

[အဲဒါက အဓိပ္ပာယ်မရှိဘူး။ငါတို့ကျောင်းမှာ ကုရှီ တစ်ယောက်ပဲရှိတာ ဟုတ်တယ်မလား..........?ပြီးတော့ မင်းလည်းသူ့အတန်းနံပါတ် ကိုတွေ့တာပဲ။]

[ကောင်းပြီ ဒါဆို ငါ နတ်ဘုရားမရှီကို မဲပေးမယ်။]

[နတ်ဘုရားမရှီ သာဝင်ပြိုင်ရင် ငါတို့တခြားအတန်းတွေဆီမှ မရူံးနိုင်ဘူး!]

[စာတော်တာလည်း နတ်ဘုရားတစ်ပါးလိုပဲ။ဒါ့ကြောင့် ကုရှီ က ငါ့နတ်ဘုရားမပဲ။ငါသဘောမတူတာမျိုးမရှိဘူး!]

[ငါလည်း သူ့ကိုပဲ မဲပေးမှာ။နတ်ဘုရားမရှီ၏ကောင်းချီးနဲ့ဆိုနောက်လစာမေးပွဲမှာ အောက်ဆုံးအဆင့် 100 ကနေ ရုန်းထွက်နိုင်မယ် လို့ ငါမျှော်လင့်ပါတယ်......ဟဟ]

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Donde viven las historias. Descúbrelo ahora