Ch-14 : ဘော့စ်ကု? ကုရှောင်း?

1.4K 166 0
                                    

Ch-14: ဘော့စ်ကု?ကုရှောင်း?

ကျောင်းရွာကနေ မြို့တော် B ရောက်ဖို့နာရီအနည်းငယ်မောင်းရသည်။

လင်းရှီ သည် ကားပေါ်တွင် ငြိမ်သက်စွာထိုင်ကာ မြို့တော်B တွင် ဘာတွေဖြစ်နေလဲ၊အစားအသောက်နှင့်အပျော်အပါးတွေရှိသည့်နေရာနှင့်ပတ်သက်လို့ရံဖန်ရံခါ ကားမောင်းသူ ပြောပြသည်ကိုနားထောင်နေခဲ့သည်။

သူမ ညလုံးပေါက် ခြံဝန်းထဲရှိနေခဲ့သော်လည်း ပင်ပန်းတယ်လို့မခံစားရပေ။

NTN Technology Center အနီးကိုရောက်တော့ကားမောင်းသူသည် ကားကိုရပ်တန့်၍ ပြောလာသည်။"တတ်နိုင်သလောက်တော့ ပို့ပြီးပါပြီ။ဒီနေရာမှရပ်မှဖြစ်မယ်.."

လင်းရှီ သည် ခေါင်းညိတ်ပြ၍အဆင်ပြေတယ်လို့ ထုတ်ဖော်ပြောကာ ကျေးဇူးတင်ကြောင်းပြော၍ ကားထဲက ထွက်လာခဲ့သည်။

NTN နည်းပညာစင်တာရှေ့တွင် မတ်တပ်ရပ်၍မြင့်မားသော ခမ်းနားထည်ဝါသော အဆောက်အအုံကို မျှော်ကြည့်ရင်း လင်းရှီ မတက်နိုင်ပဲတွေးမိသည်။ :'ဒါက နာမည်ကြီး NTN နည်းပညာစင်တာပဲ ဟုတ်သား ... ဖြာထွက်နေတဲ့ အရောင်အဝါ ကတောင်မှ ကြောက်ဖို့ ကောင်းတယ်'

ဒီနေရာဟာ သူမအမြဲတမ်း မျှော်ကြည့်မိတဲ့နေရာဖြစ်သည်။သူမ အရင်ကရေးဖူးတဲ့ ကျောင်းစာတမ်းတစ်ခု သတိရမိသည်။

ခေါင်းစဥ်က Dream(အိမ်မက်)ဖြစ်သည်။သူမ ဟာတရုတ်နိုင်ငံရဲ့အသက်အငယ်ဆုံး ပါမောက္ခဖြစ်လာပြီး NTN နည်းပညာစင်တာကို သွားနိုင်ဖို့မှာ သူမ၏အိမ်မက်ဖြစ်ကြောင်းရေးသားခဲ့ဖူးသည်။

သူမ၏စာတမ်း ကို နောက်ပိုင်းတွင် အားလုံးအတွက်နမူနာအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ကံမကောင်းသည်မှာ မိသားစုအား စိတ်လှုပ်ရှားစွာပြောပြတော့ စုန့်ကဲရှင်းကဂရုမစိုက်သောအကြည့်ဖြင့်"အိုး... ကောင်းတယ်" ဟု ပြောခဲ့သည်။အခြားသူတွေကတော့ လင်းအန်ရှင်းတို့ အတန်းရဲ့အကဖွဲ့ကိုကြည့်ဖို့ သာ အလုပ်များနေခဲ့ကြသည်။

လင်းရှီသည်မှတ်ဥာဏ်တွေကြား ဝင်ရောက်သွားခဲ့သလိုဖြစ်သွားခဲ့သည်။

NTN Technology Center ရှေ့၌ရပ်နေသည့်ဖြူဖြူဖွေးဖွေးချိုသာတဲ့ကောင်မလေးတစ်ယောက်ဟာ နေ့တိုင်းမြင်တွေ့ရမယ့် အရာတော့ မဟုတ်ပါ။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Donde viven las historias. Descúbrelo ahora