Ch-1 : Cliche ထဲက ဒေါသထွက်ဖို့ကောင်းတဲ့ နိုဗယ်-1

8.6K 355 7
                                    

Ch-1 :Cliche ထဲက ဒေါသထွက်ဖို့ကောင်းတဲ့ နိုဗယ်-1

ဖြန်း!

လင်းရှီ၏မျက်နှာကို ရိုက်ချခံရသည်။

"ငယ်ငယ်လေးနဲ့မင်း ဒီလောက်တောင် ယုတ်မာတာလား?

"သူက မင်းရဲ့ညီမ မင်း သူ့ကို ရိုက်ဖို့ ကြိုးစားနေတာလား?အိမ်မှာရော ကျောင်းမှာရော အနိုင်မကျင့်ဘဲနေလို့မရဘူးလား?"

ရူကျောင့်ဖန် သည် လင်းရှီ၏လက်မောင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်၍ ကျန်တစ်ဖက်ဖြင့်ရိုက်နှက်သည်။

"သူ့ဟာသူ ရေကန်ထဲကျသွားတာ။သမီးနဲ့ဘာမှမဆိုင်ဘူး!" လင်းရှီ သည်နာကျင်မှုကို တွန်းလှန်၍ မည်သည့်အမှားအယွင်းမျှ မလုပ်ခဲ့ကြောင်း ငြင်းဆန်လေသည်။

ရူကျောင့်ဖန်,ခဗျားဒေါသထွက်လာ‌သည်။"မင်းဘာမှ မလုပ်ရင် ရှင်းရှင်း ကဘယ်လိုလုပ်ရေကန်ထဲကျမှာလဲ?"

"သူ ဘယ်လို ပြုတ်ကျလဲတော့ မသိဘူး။သို့ပေမဲ့သမီးနဲ့ဘာမှမဆိုင်ဘူး။အဲဒီမှာ တခြားသူတွေနဲ့စောင့်ကြည့်ရေးဗီဒီယိုတွေ လည်း ရှိတယ်။မယုံရင် သွားကြည့်လို့ရတယ်။"

"မင်း ငြင်းတုန်းပဲလား!"

"သမီး ပြောသလိုပဲ၊သမီးဘာမှမလုပ်ဘူး"

လင်းရှီ သည် ရူကျောင့်ဖန်၏နောက်တွင်ရပ်နေသော လင်းအန်ရှင်း ကိုကြည့်လိုက်သည်။

လင်းအန်ရှင်း သည် ယခုအချိန်တွင် သူမ၏စိုစွတ်သောအဝတ်အစားများလဲပြီးပီဖြစ်သည်။သူမကိုယ်သူမ စောင်တစ်ထည်နဲ့ပတ်ထားပြီး စုန့်ကဲရှင်းမှ သူမအား ဖက်ထားကာ ဂျင်းပြုတ်ရည်တိုက်နေ၏။

ကျောင်းဆင်းခါနီးတွင် ဒီမတော်တဆ ဖြစ်ပွားခဲ့သည်။ဒီနေ့မွန်းလွဲပိုင်းအချိန်၊လင်းရှီ စာကြည့်တိုက်ထဲက ထွက်လာချိန်တွင် လူတော်တော်များများ ကန်အတုဆီကိုပြေးသွားတာကို တွေ့လိုက်ပြီး လင်းအန်ရှင်းက တစ်ယောက်ယောက်နဲ့တိုက်မိ၍ ရေကန်ထဲကို ပြုတ်ကျသွားသည်ဟုကြားသိခဲ့သည်။

လင်းရှီ ထိုနေရာကို ရောက်တော့ လင်းအန်ရှင်းမှာ လူတစ်ယောက် အမြင့်ရှိ ကန်အတုတွင် ရုန်းကန်‌နေသည်။ဆရာမတွေ မရှိသလိုဘယ်သူမှ ဝင်မကယ်ရဲကြပေ။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Donde viven las historias. Descúbrelo ahora