Ch-32

1.4K 164 0
                                    

Ch-32 : "လင်းရှီ က ကျောင်းတက်ဖို့လိုတဲ့ ဂျုနီယာအထက်တန်းကျောင်းသူတစ်ယောက်ဆိုတာ ကုရှောင်း လုံးဝမေ့နေပုံပဲ။-၂"

နေ့လည့်အချိန်၊ညစာမလုပ်ထားဖို့ ကုရှောင်း ပြောထားသောကြောင့် လင်းရှီ သည် ပန်ကိတ်နည်းနည်းလုပ်၍ ကုရှောင်း အိမ်ပြန်အလာကိုစောင့်ဆိုင်းနေ၏။

အကြာကြီးစောင့်နေသော်လည်း ကုရှောင်း ပြန်မလာသေး။

သူမ ကုရှောင်း ကိုတစ်စုံတစ်ခု ပြောချင်တာရှိသည်။ထို့ကြောင့် အိပ်ရာဝင်ဖို့တုန့်ဆိုင်းမိသည်။သူမ ဧည့်ခန်းထဲတွင် ထိုင်စောင့်နေဖို့ဆုံးဖြတ်လိုက်ပြီး တံခါးကိုပဲ စိုက်ကြည့်နေမိသည်။

နောက်ဆုံး ဘယ်အချိန်အိပ်ပျော်သွားမှန်း မသိလိုက်ပေ။

ဒီနေ့ ထုတ်ကုန်စမ်းသပ်ဖို့ ကုရှောင်း သည် NTN နည်းပညာစင်တာ၌ နောက်ကျတဲ့အထိ နေခဲ့သည်။

အိမ်ပြန်ရောက်တော့ သန်းခေါင်ကျော်နေပြီဖြစ်သည်။

အိမ်က မှောင်ပြီး တိတ်ဆိတ်နေသည်။ကုရှောင်း သည် သူ့၌ကလေးရှိတယ်ဆိုတဲ့စိတ်မေ့လုနီးပါးဖြစ်သွားရသည်။

ကုရှောင်း သည် သိပ်တွေးမနေဘဲ ထိုကလေးအိပ်နေလောက်ပြီလို့ ယူဆထားသည်။

နောက်တော့ တစ်စုံတစ်ယောက် ဆိုဖာ‌ပေါ် ကွေးကွေးလေး အိပ်နေတာမြင်လိုက်ရသည်။

အိပ်ပျော်နေသည် လင်းရှီ သည် ဘေး၌တစ်စုံတစ်ယောက်ရပ်နေသည်ကို သတိမထားမိပေ။

အေးတာကြောင့် သူမက ဆိုဖာပေါ် ကွေးကွေးလေးအိပ်နေ၏။

ကုရှောင်း ဒါကိုမြင်တော့ မျက်မှောင်ကြုံ့ သွား၏။ဒီကလေးမှာ အိပ်ရာမရှိဘူးလား?ဘာလို့ ဒီမှာအိပ်နေတာလဲ?

ပြီးတော့ နှိုးသင့်လား? မနိုးသင့်ဘူးလား?။ကုရှောင်း အတွက်ကလေး ကို ဘယ်လိုနိုးရမလဲဆိုတဲ့အရာက သူ့အတွက်ပြသာနာဖြစ်လာတော့သည်။

လင်းရှီ သည် လန့်သွားပြီး ဆိုဖာပေါ်က ပြုတ်ကျလုနီးပါးဖြစ်သွားသည်။

"ကု...ကု...ကု..အာ" လင်းရှီ သည် လုံးဝနိုးသွားပြီးချက်ချင်းဆိုသလို အော်ခေါ်သည်။"ပါး.."

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Where stories live. Discover now