Ch-60 : "ကုရှောင်း သူတို့အားလုံးကိုခြိမ်းခြောက်ပစ်ခဲ့တယ် - ၂"
"ကြည့်ဖို့ကြိုးစားနေတုန်းပဲလား?"လင်းရှီ ခေါင်းလှည့်၍တစ်ချက်ကြည့်ရန် ကြိုးစားနေသေးသည်ကိုသတိထားမိတော့ ကုရှောင်း မျက်နှာပျက်သွားသည်။
"ဟင့်အင်း မဟုတ်ဘူး..." လင်းရှီ အဝေးကို လှမ်းကြည့်ကာပြောလိုက်သည်။" အသက်ရှင်သေးလားဆိုတာ သမီး ကြည့်ချင်တယ်"
သူသေသွားရင် တော်တော်ဒုက္ခရောက်လိမ့်မယ်။လင်းရှီအနည်းငယ်စိုးရိမ်တယ်။
"စိတ်မပူနဲ့"
"ကားဆီ ပြန်သွား"
"အိုး။"
ကားထဲ ပြန်ဝင်လာပြီးနောက် ကားသည် ကျန့်ကျုး၏နေရာမှ ဖြည်းညှင်းစွာမောင်းထွက်သွားတော့သည်။
လင်းရှီ သည် အဝေး ကို လှည့် ကြည့်နေရင်းဘေး၌ထိုင်နေသော ကုရှောင်း ကို ကြည့်လိုက်သည်။စောစောကမြင်ခဲ့ရတဲ့ မြင်ကွင်းကို ပြန်သတိရမိပြီး မယုံနိုင်လောက်အောင် ခံစားလိုက်ရသည်။
"ပါးပါး သမီးအဲဒီကို မရောက်ခင်တည်းကကျန့်ကျုး ကိုတကယ်ရိုက်နေခဲ့တာလား?" လင်းရှီ အံဩတကြီး မေးလိုက်သည်။
ကုရှောင်း မငြင်းဆန်ပေ။"အကြမ်းဖက်မှုကအဖြေမဟုတ်ဘူး။အကြမ်းဖက်မှုကို ဖြေရှင်းနည်းအဖြစ်ငါမထောက်ခံဘူး"။
ထိုစကားကိုကြားတော့ လင်းရှီ ၏နှုတ်ခမ်းထောင့်တွန့်သွားတော့သည်။သူမကိုယ်သူမ မတက်နိုင်ပဲတွေးမိတာက : ဒါက နှစ်ဆစံပြနည်း လား?
"ဒါဆို စောစောက လုပ်ခဲ့တာ အကြမ်းဖက်မှုမဟုတ်ဘူးလား? " လင်းရှီ တိုးတိုးလေး ငြီးတွားသည်။
ကုရှောင်း မငြင်းဆန်ပေ။"ငါမှားယွင်းတဲ့အရာတစ်ခုလုပ်ခဲ့တယ်"
"အကြမ်းဖက်မှုက အကြမ်းဖက်မှုပဲ။အကြမ်းဖက်မှု လုပ်ရင် မင်းကိုယ်မင်း ပိုဆိုးဝါးတဲ့လွမ်းမိုးမှုနဲ့အကျိုးဆက်ကိုခံစားရမယ်။အရင်ထက်ဆိုးဝါးတဲ့ ပြသာနာနဲ့အဆုံးသတ်လိမ့်မယ်။"
သူ သည် လင်းရှီ ကိုပြန်ကြည့် ပြီး လေးလေးနက်နက်ပြောလိုက်သည်။"ဒါကြောင့် အနာဂတ်မှာ မင်းဘာတွေကြုံနေပါစေ၊အရင်ဆုံး သိထားရမယ့်အချက်က တည်ငြိမ်ရမယ်။အခြေအနေပေါ်အခြေခံပြီး အကောင်းဆုံး ဆုံးဖြတ်ချက်ချရမယ်။မင်းမဖြေရှင်းနိုင်တဲ့ ပြဿနာကြုံလာရင် ကိုင်တွယ်ဖြေရှင်းဖို့အလျင်စလိုမလုပ်နဲ့။ငါ့ဆီလာပြော မင်းရဲ့မိဘအနေနဲ့ငါစောင့်ရှောက်ပေးမယ်။"
YOU ARE READING
ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။
RomanceM-13. I Have Decided to Go Look for My Father. Paid- Completed. 3000MMK.