Ch-99

1.1K 109 0
                                    

Ch-99: "လင်းအန်းရှင်း ကုရှီရဲ့‌ကျောင်းနေဖက်သူငယ်ချင်းအသစ်တွေ ရှေ့ ကုရှီရဲ့မကောင်းတဲ့ သတင်းဖော်ထုတ်ချင်တယ်-၃"

လင်းအန်ရှင်းရဲ့နူးညံ့သိမ်မွေ့တဲ့အသံကိုသိပ်မဝေးသည့် နေရာမှကြားရသည်။"ဒီနေရာကမတူဘူး မြင်ကွင်းကောင်းတယ်၊ဒါ့အပြင် ပြတင်းပေါက် အရှေ့က မြင်ကွင်းက ပိုကောင်းတာမဟုတ်ဘူးလား?ငါတို့ ဘက်စ်ကားရောက်တာကိုလည်း မြင်နိုင်တယ်။"

အခြားသူများ လုံးဝသဘောမတူပါ။အခြားသူများသည် ပြိုင်ပွဲ အကြောင်းပဲ စိတ်ထဲရှိနေပြီး ဘယ်နေရာမှာထိုင်ရင် မြင်ကွင်းပိုကောင်းတာဆိုတဲ့ အရာနဲ့ပတ်သက်ပြီး ဂရုမစိုက်ပေ။

ထိုအခိုက်အတန့် ယောကျာ်းတစ်ယောက်ရဲ့အသံထွက်လာသည်။"ကောင်းပြီ။ဟိုဘက်သွားစို့ "

ထိုကောင်လေး ဝင်ပါလိုက်တာနဲ့တခြားသူများ မကန့်ကွက်တော့။ဒီလိုနဲ့ထပ်တိုက်ဆုံမိသွားလေသည်။

"အယ်? လင်းရှီက ငါတို့ကျောင်းက မဟုတ်ဘူးလား။" ကုရှီရဲ့ဦးတည်ရာကို ညွှန်ပြရင်း လင်းအန်ရှင်း အော်ပြောလာသည်။

လင်းအန်းရှင်းရဲ့အသံ ကြောင့် လီမင်းကျောင်းက ကျောင်းသားများနှင့် HSAU မှ ကျောင်းသားများလည်း ကုရှီ ‌ဆီအကြည့်ရောက်လာသည်။

တစ်ဖက်ကျောင်းနဲ့တစ်ဖက်ကျောင်း စာမေးပွဲနဲ့ပြိုင်ပွဲများ၌ ပြိုင်ဆိုင်မှု မှာ မသိမသာဖြစ်တယ်။

ပြိုင်ဖက်အချင်းချင်းတွေ့ဆုံတဲ့အခိုက်အတန့်တွင် လေထုမှာ အရမ်းထူးခြားနေ၏။

လင်းအန်ရှင်းတစ်ယောက်တည်း အဆင်ပြေသလိုခံစားရတဲ့တစ်ဦးတည်းသောသူဖြစ်သည်။

"ငါ လူမှားတာမဟုတ်ဘူးမလား?" လင်းအန်ရှင်းသည် အံ့ဩတကြီး ဘေးနားကလူကိုလှမ်းမေးသည်။

လင်းအန်ရှင်းနှင့်အခြားသူများ ပရိပက္ခဖြစ်ပြီး လင်းအန်းရှင်း ရေကန်ထဲတွန်းချခံရတဲ့ပြသာနာကို လင်းမိသားစု ဘယ်လိုဖြေရှင်းခဲ့သလဲ ကုရှီမသိပေ။လင်းအန်ရှင်းက ရေပန်းစားတဲ့ မိန်းကလေးအဖြစ်ပြန်လည်ရရှိနေတာထင်ရှားသည်။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Where stories live. Discover now