Ch-167 : "ငါ ဒီခေါင်းစွပ်လေး ကြိုက်တယ်။ဘယ်မှာ ရနိုင်မလဲ?-၁"

489 50 2
                                    



Ch-167 : "ငါ ဒီခေါင်းစွပ်လေး ကြိုက်တယ်။ဘယ်မှာ ရနိုင်မလဲ?-၁"

ချမ်းသာတဲ့သူဌေးမလေး၊ဒါမှမဟုတ် အရမ်းချမ်းသာတဲ့လူ ဖြစ်သွားတာကိုမသိပဲ ကုရှီ ကဒ်ကိုယူကာ အခန်းထဲ ပျော်ပျော်ရွှင်ရွှင်ပြန်လာသည်။

စိတ်လှုပ်ရှားတဲ့ခံစားချက်အနည်ထိုင်ပြီးနောက် ဒီနေ့ သူမရဲ့ဖုန်း အနည်းငယ် တိတ်ဆိတ်နေတာ သတိထားမိလိုက်သည်။ဖုန်းကိုင်ပြီး ကြည့်လိုက်ရာ [တန်ချွင်ထိပ်သီးအစည်းအဝေးတိုက်ပွဲ]ရဲ့chat ဘာမက်ဆေ့မှ မရှိတာကြည့်ရင်း အံ့ဩသွားရသည်။

ထိုအကြောင်းကိုသိချင်နေပြီး ကုရှီ ဒီနေ့တွေးမိသမျှ အကြံအစည်များကို စတမ်းတစ်ခုရိုက်ထည့်ကာ အဖွဲ့မှာတင်လိုက်သည်။

[X]- လိုအပ်တဲ့ features အတွက် အခြားအကြံရှိတယ်။ကြည့်ပြီး ပြသာနာမရှိရင် ငါတို့လက်ရှိဒီအတိုင်းလုပ်ကြမလား?

တုံ့ပြန်တဲ့ မက်ဆေ့များ ဝင်ဖို့ သိပ်မကြာပေ။

သို့သော် ဒီတခေါက်[Lin] က အရင်ပြန်ဖြေလာသည်။

[Lin] : ငါ မြန်မြန်လုပ်လိုက်မယ်၊ပြသာနာမရှိလောက်ဘူး။

[X]: Ohကောင်းတယ်။

[X]- စကားမစပ် ပထမအကြိမ် report မစခင် ငါတို့တွေ့ပြီး အသေးစိတ်ဆွေးနွေးသင့်လား?

အရင်တခေါက် ညီအစ်ကို[3A] အကြံပြုချက်ကို အမှတ်ရသွားပြီး ကုရှီထပ်ပြောလိုက်သည်။

သူတို့၏ပထမအကြိမ် report ပိုင်း မကြာခင်ရောက်လာတော့မယ်။ဒါ့ကြောင့် တခါလောက်တွေ့ဖို့ အရေးကြီးသည်။

[Lin]မြန်မြန်တုန့်ပြန်တယ်. - သေချာတာပေါ့။

[AAA]: မဟုတ်ဘူး!

[X]: ? ? ?

[Lin]: ?

ညီအစ်ကို [3A]၏ရုတ်တရက် ငြင်းဆိုတဲ့စကားကြောင့် ကုရှီတစ်ယောက်တည်းမဟုတ် စကားပြောတာသိပ်မရှိတဲ့ [Lin] တောင်??? စာပို့လာသည်။

[3A]ကတွေ့ချင်တယ်လို့အမြဲပြောခဲ့ဖူးသည်မဟုတ်ဘူးလား?။

[AAA]- မလိုအပ်သေးဘူး။

[AAA] အရင်ပို့စ်တင်ဘူးတဲ့စာကို ပြန်သတိရသွားပြီး[AAA] မှပြောလာခဲ့သည်။

Você leu todos os capítulos publicados.

⏰ Última atualização: Sep 18 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Onde histórias criam vida. Descubra agora