Ch-55 : "ကုရှောင်း ကျန့်ကျုးရဲ့နေရာဆီ ဉီးတည်သွားနေတာလား?-၁"

1.5K 160 1
                                    

Ch-55: "ကုရှောင်း ကျန့်ကျုးရဲ့နေရာဆီ ဦးတည်သွားနေတာလား?-၁"

ကုရှောင်း သည် ခံစားချက်အမူအရာကိုထုတ်ဖော်မပြသပေ။သို့ပေမဲ့ လင်းရှီ ကို ကြည့်နေသည့်ကျန့်ယုဖု ကိုမြင်သောအခါ မျက်နှာပျက်သွား၏။

"မဟုတ်ဘူး။" ကုရှောင်း က ပြောလိုက်သည်။

"ကျန့်လျိုလုပ်ထားတဲ့ ကိစ္စကြောင့် ဒီကို ရောက်လာတာ"

"အိုး ..အထဲဝင်ပါဦး"ကုရှောင်းကဘာကြောင့်လာသလဲမသိပေမဲ့ သူစော်ကားဖို့မတက်နိုင်တဲ့လူဆိုတာတော့ သူ့အသိစိတ်ကပြောနေသည်။

လင်းရှီ သည် ကုရှောင်း ဘေးကနေ လျှောက်လာသည်။

ရွာထဲက အိမ်အများစုသည် အတူတူပဲဖြစ်သည်။သို့ပေမဲ့ ကျန့်ယုဖု အိမ်သည် ကျန့်ကျုးအိမ်ထက်ပိုကောင်းသည်။အသစ်‌ဆောက်ထားသည့်အိမ်ဖြစ်သည်သာမက ကျန့်ကျုးအိမ်ထက်ပိုသန့်ရှင်းသည်။

ကျန့်ယုဖု က ကုရှောင်း ကို အိမ်ထဲဝင်ဖို့ ဖိတ်ခေါ် ပြီး လက်ဖက်ရည်ကမ်းလိုက်သည်။

ကျန့်ယုဖု၏အိမ်ထဲ၌ လူများစွာရှိနေပြီး တဖက်၌ အားလုံးမတ်တပ်ရပ်နေကာ ကုရှောင်းနဲ့လင်းရှီ ကို ချောင်းကြည့်နေကြသည်။

"မင်းက ကျန့်လျို ရဲ့သူငယ်ချင်းလား?။ဒီကိုရောက်လာတာ ဘာကိစ္စများလဲ? "

ကုရှောင်း အချိန်ဆွဲမနေတော့ဘဲ ပြောလိုက်သည်။"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျန့်လျိုမင်း မိသားစုအိမ်ထောင်စုစာရင်းအောက် က‌လေးတစ်ယောက်ရဲ့အိမ်ထောင်စု စာရင်းကို လွှဲထားတယ်မလား? "

"ကျုပ် က ကလေးရဲ့အဖေ။သူမရဲ့အိမ်ထောင်စုစာရင်းကို ကျုပ်ဆီလွှဲပေးဖို့ ဒီကိုရောက်နေတာ"

ကျန့်ယုဖုအိမ်ထဲက လူတိုင်း ကုရှောင်း၏စကားကြောင့် အံ့ဩသွားကြသည်။

သူတို့ ကုရှောင်း ကနေ လင်းရှီဆီ ကြည့်လာကြသည်။: ဒီမိန်းကလေးလား?

စုန့်ကဲရှင်း၏ယောကျာ်းဘက်က ဆွေမျိုးတစ်‌ယောက်ရဲ့သမီးကရူးနေလို့ ဆေးကုလို့မရတော့ကြောင်း ကျန့်လျိုကပြောခဲ့သည်။အရှက်မရချင်လို့ ရွာကို ပို့လိုက်တာ‌ဖြစ်တယ်ဟု ပြောခဲ့သည်။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Donde viven las historias. Descúbrelo ahora