Ch-87 : "ဘော့စ်ကအချိန်ကြာလာတာနှင့်အမျှ အလွန်အမင်း out of character ဖြစ်နေတယ်လို့ ဘာလို့ခံစားမိပါလိမ့်?-၃"
ကုရှောင်းသည် ထုတ်ကုန်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းဖို့ NTN နည်းပညာစင်တာ၌ အချိန်အတော်ကြာရှိနေခဲ့သည်။စစ်ဆေးပြီး အိမ်ပြန်လာတော့ ၁၀ နာရီထိုးနေပြီဖြစ်သည်
တံခါးဖွင့်ပြီး အထဲဝင်လာတော့ တောက်တဲ့သမီးလေးက စာကြည့်ခန်းအပြင်ဘက်ကနေ အထဲကိုချောင်းကြည့်နေတာတွေ့ရသည်။
သူ့သွေးသား သာမဟုတ်ရင် ဒီကလေးကို သူခိုးလို့ထင်မိမှာ အမှန်ပင်။
" ဘာလုပ်နေတာလဲ?"
အနောက် က ထွက်လာသည့် ကုရှောင်းအသံကြောင့် ကုရှီ လန့်သွားပြီး ပါးပါးကို အမြန်လှည့်ကြည့်လိုက်သည်။
"ပါးပါး အိမ်ပြန်ရောက်ပြီလား?"
ကုရှီ ခိုးကြောင်ခိုးဝှက်လုပ်နေတာမြင်တော့ ကုရှောင်း မျက်ခုံးပင့်၍ မေးသည်။" ဘာကြည့်နေတာလဲ?"
"ဟင့်အင်း" ကုရှီ သည် ခေါင်းငုံ့ထားသည်။သူမ အမှန်တိုင်းမပြောခင် လက်ချောင်းများကိုထိနေပြီး အတော်ကြာ စဥ်းစားနေခဲ့သည်။
"သမီး စာအုပ်တွေရှာချင်လို့ "
ကုရှောင်းသည် သူ့သမီးရဲ့စကားကို သံသယမဖြစ်ပေ။တံခါးကနေကြည့်ရင်စာအုပ်စင်ကို မြင်ရသည်လေ။
"ဘာလို့အထဲဝင်မကြည့်တာလဲ?"
"......" ကုရှီ ဘာမှမပြောပေ။
သူမ သည် ပါးပါးရဲ့ခွင့်ပြုချက်မရှိဘဲနဲ့စာအုပ်တွေကို ယူမဖတ်သင့်ဘူးလို့ ခံစားမိသည်။အရင်တုန်းက သူမ ပါးပါးထံမှ သူမရဲ့စာစီ စာကုံး တွေ"ခိုးယူ" ဖို့ ကြိုးစားခဲ့ဖူးသည်။
ကုရှောင်း သူ့သမီး မျက်လုံးကိုမြင်တာနဲ့စိတ်ထဲကအရာကိုခန့်မှန်းမိသည်။
" မင်း ဖတ်ချင်တဲ့ စာအုပ်၊ဒါမှမဟုတ် လိုအပ်တာရှိရင် မင်းကိုယ်တိုင်ကိုယ်ကျ သွားယူလို့ရတယ်။"
" ဒါ မင်းရဲ့အိမ်"
"ဝင်သွား၊ဘာစာအုပ်ဖတ်ချင်တာလဲ?"
ကုရှီ၏မျက်ဝန်းတောက်ပသွားသည်။စင်ထောင့်တနေရာက စာအုပ်ကို စိတ်လှုပ်ရှားစွာ ညွန်ပြလိုက်သည်။
YOU ARE READING
ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။
RomanceM-13. I Have Decided to Go Look for My Father. Paid- Completed. 3000MMK.