Ch-42:ဒါ ကျုပ်စုထားတဲ့ သတင်းအချက်အလက်တချို့ပဲ-၃"

1.4K 180 0
                                    

Ch-42:ဒါ ကျုပ်စုထားတဲ့ သတင်းအချက်အလက်တချို့ပဲ-၃"

လင်းအိမ်တော် အတွင်းသို့ လူအနည်းငယ် ဝင်ရောက်လာကြသည်။

လင်းရှီက ဒီမိသားစု၏အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်ဆိုသည်လက္ခဏာများ များများစားစားမရှိခဲ့။အခု အရင်ကထက်ပိုနည်းသွားပြီဖြစ်သည်။

အစေခံအားလုံးကို ဧည့်ခန်း၏အဝေး ပို့လိုက်ကြသည်။

ကုရှောင်းနှင့်လင်းရီဇီ တို့ ဆိုဖာပေါ် မျက်နှာချင်းဆိုင်ထိုင်နေပြီးစကားမပြောပေ။လေထုမှာ အရမ်းတင်းမာလျက်ရှိသည်။

လင်းရှီကသူတို့ထဲမှ တစ်ယောက်ကို တိတ်တဆိတ်ကြည့်နေ၏။

ရည်မှန်းချက်ရှုထောင့်မှကြည့်လျှင် ကုရှောင်း ၏ရောင်ဝါ သည်လင်းရီဇီ ထက် အနည်းငယ် ပြင်းထန်တယ်လို့ ခံစားရသည်။ပြီးတော့ ကုရှောင်း က လင်းရီဇီ ထက် ပိုချောသည်။

ကုရှောင်း က "ဖခင်အရင်း"ဖြစ်လို့ တဖက်သတ်အမြင်နဲ့ဆုံးဖြတ်တာမဟုတ်ဘူးဆိုတာ ကျိန်ဆိုရဲသည်။

သူတို့နှစ်ယောက်ရဲ့အရည်အချင်း၊အဆင့်အတန်း၊မိသားစုနောက်ခံကို ပြန်စဥ်းစားကြည့်၍ နှိုင်းယှဥ်လို့ရနိုင်သည်။

ကုရှောင်း မှာ လင်းရီဇီ ထက် ပိုမှန်ကန်သော အကျင့်စာရိတ္တရှိသည်။

ထို့ကြောင့် လင်းရီဇီကအမျိုးသားဇာတ်လိုက် ဖြစ်ပြီး ကုရှောင်းကဘာလို့ ကျရူံးရတာလဲ?

ဒါ အလွန်မမျှတသည်ကိုလင်းရှီ ရှာတွေ့ခဲ့သည်။

သူမ ဘယ်အချိန်တည်းက ကုရှောင်းဘက် ခြမ်းရောက်သွားသလဲကိုယ်တိုင်တောင်မသိတော့ပေ။

လင်းရီဇီ သည် လက်မောင်းတဖက်ကို ဆိုဖာလက်ရမ်းပေါ် တင်၍ အရင်စပြောလာသည်။

"ဘော့စ်ကုရဲ့လက်ထောက်က ဘော့စ်ကု ရဲ့ဒီနေ့လည်ပတ်ခြင်းရဲ့ရည်ရွယ်ချက်ကရှောင်ရှီ ရဲ့အိမ်ထောင်စုစာရင်းကို လွှဲပြောင်းပေးဖို့ဆိုပြီး မနေ့က ဖုန်းနဲ့အကြောင်းကြားခဲ့တယ်။ပြောရရင် ဘော့စ်ကုက ရှောင်းရှီရဲ့အဖေဆိုတာဘော့စ်ကုပြောရုံနဲ့ယုံရမှာလား?"

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Où les histoires vivent. Découvrez maintenant