Ch-92 : "ဘာဖြစ်တာလဲ? ကုရှောင်းက ပြိုင်ပွဲမှာ စာရင်းသွင်းတယ်? -၄"

1.1K 104 0
                                    

Ch-92 : "ဘာဖြစ်တာလဲ? ကုရှောင်းက ပြိုင်ပွဲမှာ စာရင်းသွင်းတယ်? -၄"

ဘယ်လိုပဲပြောပြော သူက ဘယ်သူဘယ်ဝါဖြစ်ကြောင်း ထုတ်ပြောဖို့ဆန္ဒမရှိသေးပုံပဲ။

"ရော့ ဒါသုံးလို့ရတယ်။"ကုရှီ သူ့ကိုဘောပင်တစ်ချောင်းပေးလိုက်သည်။

ကုချန်းရီ သည် ကုရှီ ပေးတဲ့ ဘောပင်ကို ကြည့်ရင်း အံ့အားသင့်သွားသည်။ရှီရှီ က သူ့ကို ဘောပင်ငှားတယ်! ပြီးတော့ သူမရဲ့အပြုံးက အရမ်းဖော်ရွေတာပဲ။

"!"

အခုမှ တစ်ရက်ပဲ ရှိသေးတယ်!

မနေ့ညက ရိုင်းစိုင်းတဲ့ သူ့လုပ်ရပ်ကို သူမ သဘောကျသွားပုံရတယ်။

ကုချန်းရီ သည် တိတ်တဆိတ် စိတ်ခံစားချက်ပြည့်နှက်နေသည်။

တဖက်၌ ကုရှီသည် ကုချန်းရီ ကိုဘောပင်ငှားပြီးနောက် အနည်းငယ်စဥ်းစားပြီး ရေးခြစ်ဖို့ စာရွက်ဝက်လည်းပေးလိုက်သည်။

"အိုး ဟုတ်သား။ခဲဖျက်တဝက်လည်းရှိသေးတယ် "သူမသည် စကားပြောနေရင်း ခဲဖျက်ကို ဓားဖြင့် တစ်ဝက်ဝက်ပြီး ပေးလိုက်သည်။

စာရေးကိရိယာများကို ကြည့်ရင်း ..မဟုတ်ဘူး..သူ့မိသားစုက သူ့ဂရုစိုက်တာတွေးရင်း ကုချန်ရီ,ခဗျားခဏတာ ငိုထုတ်ချင်လာသည်။: ရှီရှီ က သူ့အပေါ် အရမ်းကောင်းတာပဲ။

အိပ်မက်တစ်ခုဖြစ်ခဲ့ရင် သူမနိုးချင်ဘူး!

"ကံကောင်းပါစေ" ကုရှီသည် ကုချန်ရီ ကိုပြော၍သူ့နေရာ၌ ထိုင်ချကာ စတင်ဖို့ အသင့်ဖြစ်နေ၏။

ဌာနမှူးနှင့်အခြား ဆရာမများက စာမေးပွဲ စာရွက်များ အလျင်အမြန် ဝေပေးသည်။

ကုရှီသည် စာမေးပွဲစာရွက်များ လက်ခံရရှိသည်နှင့်တစ်ပြိုင်နက် အစအဆုံး တစ်ချက်ကြည့်လိုက်သည်။

သင်္ချာ၊ရူပဗေဒ၊ဓာတုဗေဒနှင့်ဇီဝဗေဒ ဘာသာရပ် စုစုပေါင်း (၄) ခုရှိတယ်။အားလုံး စာရွက်တစ်ခုအပေါ် အတူတူရှိနေသည်။

ဘာသာရပ်တစ်ခုစီ၌ မေးခွန်း 10 ခု ရှိပြီး ရွေးချယ်ဖြေဆိုရမယ်။

ဌာနမှူးမှ "ဒီစာမေးပွဲမေးခွန်းကိုအရင်ပြိုင်ပွဲမေးခွန်းနဲ့အတူလုပ်ထားတယ်။ခက်ခဲတဲ့အဆင့်အတူတူပဲ။"

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Opowieści tętniące życiem. Odkryj je teraz