Ch-70 : "လင်းရှီ မိဘက တကယ်ပဲ အကောင်ကြီးကြီးထဲကထင်တယ်-၄"

1.7K 180 0
                                    

Ch-70 : "လင်းရှီ မိဘက တကယ်ပဲ အကောင်ကြီးကြီးထဲကထင်တယ်-၄"

သူတို့ဆွေမျိုးတွေလို့ ‌ကောလဟာလ ထွက်ပေါ်လာသည့် အကြောင်းအရင်းက သူမ ကျောင်းစတက်တက်ခြင်းနှစ်မှာပဲ လင်းရှီ က သူမရဲ့ဘာသာရပ်အိမ်စာတွေကိုလုပ်ပေးခဲ့လို့ဖြစ်သည်။သို့ပေမဲ့ နာမည်နေရာ၌ နာမည်ပြောင်းဖို့မေ့သွားခဲ့တယ်။

နောက်တော့ သူတို့နှစ်ယောက် တနေရာထဲကအတူတူထွက်လာတာကိုတွေ့ခဲ့ကြသည်။ဒါ့ကြောင့် ကောလဟာလများထွက်ပေါ်လာခဲ့တယ်။

ထိုအချိန်က လင်းရှီရဲ့ကောလဟာလသည် အဆိုးဆုံး ဖြစ်နေပြီး ကျောင်းရှိ လူတိုင်းတွေရဲ့ကို ဝိုင်းပယ်ခြင်း ခံရသည့် ကာလလည်းဖြစ်သည်။

ဒါ့ကြောင့် လင်းအန်ရှင်းက စဥ်းတောင်မစဥ်းစားပဲ ဆွေမျိုးမဟုတ်ကြောင်း ငြင်းဆိုခဲ့တယ်။ခိုင်လုံသည့် သက်သေမရှိလို့ လင်းအန်းရှင်း ငြင်းဆိုလိုက်ချိန် ဒီသတင်းကို ကောလဟာလ လို့သတ်မှတ်ခဲ့ကြသည်။

"ဒါပေမယ့် ကောလဟာလတွေ အားလုံး တကယ်မယုံရဘူးလို့ ခံစားရတယ်။ကြည့်ရတာ လင်းရှီ ကတောက်ပတဲ့မိသားစုက ဆင်းသက်လာပုံပဲ။"

"အတိအကျပြောရရင် သူ့မိဘကတကယ်ကိုချမ်းသာတယ်။"

သူတို့နှစ်ယောက်သား စကားပြောနေချိန် လင်းအန်းရှင်း၏မျက်နှာပိုရုပ်ဆိုးလာသည်ကိုသူတို့မသိကြပေ။

ကားထွက်သွားတဲ့လမ်းကြောင်းကို ကြည့်၍ လင်းအန်းရှင်း စကားတခွန်းမှမပြောပေ။သို့ပေမဲ့ အင်္ကျီယူနီဖောင်းကို တင်းတင်းဆုပ်ကိုင်ထားပြီးမျက်လုံးထဲတွင် အမုန်းတရားတချို့ရှိနေခဲ့သည်။

_လင်းအန်ရှင်းသည် လင်းရှီ ကို ငယ်ငယ်တည်းကမုန်းတယ်။အိမ်ထဲရှိသမျှ အရာအားလုံးသူမ လင်းရှီရတာထက်ပိုကောင်းတာမျိုးရခဲ့သည်။ဒါ့ကြောင့် လင်းရှီ သူ့ထက်သာသွားတာမျိုးလက်မခံနိုင်ပါ။

ပြောရရင် လင်းရှီ၏ရလဒ်မှာသူ့ထက်အမြဲမြင့်သည်။အတန်းမတူပေမဲ့ လင်းရှီက အမြဲတမ်းထိပ်ဆုံး၌ ရှိသည်။လင်းအန်ရှင်း ဘယ်လိုပင် ကြိုးစားအားထုတ်ထုတ် ကျုရှင်ဆရာဘယ်လောက်ပဲ ငှားသင်ငှားသင် ပျှမ်းမျှ အမှတ်သာရရှိသည်။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Donde viven las historias. Descúbrelo ahora