Ch-52

1.4K 152 0
                                    

 Ch-52: "ကားပြတင်းပေါက် နား ယိုင်ကျလာပြီး ကြည့်နေသည့် သူ့သမီးကို ကြည့်ပြီး ကုရှောင်း ရဲ့အကြည့် နူးညံ့ သွား၏။-၁"

ကုရှောင်း၏စကားကြောင့် လင်းရှီ အံ့ဩသွားသည်။သူ့ အဖေကို ကြောင်အစွာ ကြည့်နေရင်း မျက်ဝန်းထဲအံ့ဩမှုအပြည့်ရှိနေသည်။

ကုရှောင်းက အောက်ကိုငုံ့ကြည့်၍ မျက်လုံးတွေကို ကြည့်လိုက်ပြီး တစ်လုံးချင်းစီပြောလာသည်။"ဒီမှာ မင်းငါ့ကိုမှမဟုတ်ဘူးဘယ်သူ့ကိုမှ ရိုသေနေဖို့ မလိုဘူး"

လင်းရှီ : "...."

ဖားနေဖို့မလိုဘူး?

အခြားသူ၏အမိုးအောက်တွင် နေထိုင်သည့်အတွက် အသိစိတ်ရှိသင့်တယ်လို့ သူမ ခံစားရသည်။ကုရှောင်း သူမကြောင့် စိတ်အနှောက်အယှက်ဖြစ်တာမျိုး မလိုချင်တာကြောင့် သေချာစေအောင်မသိမသာလုပ်နေခဲ့မိသည်။

"မဖားပါဘူး..." လင်းရှီက ခေါင်းငုံ့ကာ အသံတိုးတိုးဖြင့် ငြင်းလိုက်သည်။သို့ပေမဲ့ သူမရဲ့မျက်လုံးများ ‌ရည်ရွက်ချက်မဲ့နေပြီး မှောင်ကျနေသည်။

ကုရှောင်းသည် ဒီအပေါ် ဘာမှထပ်မပြောပေ။သူ လင်းရှီ ရဲ့ခေါင်းထိပ်ကိုကြည့်၍ပြောလာသည်။"မင်းကို ပြုစုပျိုးထောင်ပေးမယ်ဆိုတဲ့ ကတိကို ငါ ပေးထားပြီးပြီ။ဖခင်တစ်ယောက်ရဲ့တာဝန်အတိုင်း မင်းကိုအပြည့်အဝ အကောင်းဆုံး ထောက်ပံ့ပေးမယ်။"

ဒီလိုစကားမျိုး ပထမဆုံးအကြိမ်ပြောဖူးတာလည်းဖြစ်သည်။အရင်ကဘယ်ကမှန်းမသိတဲ့ ဒီကလေးထွက်လာတော့ နေထိုင်ဖို့နဲ့ကျောင်းစရိတ်ထောက်ပံ့ဖို့ စီစဥ်ခဲ့သည်။အချိန်ကြာလာသည်နှင့်သူ့အမြင်လည်းပြောင်းလဲသွားပုံရသည်။

"တခြားမွေးစားအဖေလုပ်သလိုမျိုး ငါမင်းကို ဆက်ဆံမှာမဟုတ်ဘူး။ဒါ့ကြောင့် မင်း စိတ်ပူနေစရာမလိုဘူး။" ကုရှောင်း ခေတ္တရပ်၍ ဆက်ပြောသည်။"ဒါကြောင့် ဒီအိမ်မှာအမြဲတမ်း ရေခဲပြင် ပေါ်လမ်းလျှောက်နေသလို ခံစားနေဖို့ မလိုဘူး။အလွန်အမင်း ထိတ်လန့်နေစရာလည်း မလိုဘူး။မင်းလုပ်ချင်တာ လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်။"

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Where stories live. Discover now