Ch-89 : "ဘာဖြစ်တာလဲ? ကုရှောင်းက ပြိုင်ပွဲမှာ စာရင်းသွင်းတယ်? -1"
"ရှီ .. အဟမ်း၊ကျောင်းသူကုရှီ?"
သူမ၏နာမည်ကို ကြားသောအခါ ကုရှီ နည်းနည်း သတိကပ်သွားသည်။သူမ လှည့်ကြည့်လိုက်ရာ ရှန်းရိူးရန်းဘေး၌ ရပ်နေသည့် ကျောင်းသားက အခုက သူမရှေ့ ရပ်နေတာ သတိထားမိလိုက်သည်။သူက သူမကို ပြုံးပြလာသည်။
နားမလည်နိုင်သော အကြောင်းပြချက်အချို့ကြောင့် သူ၏အကြည့်ကိုမြင်သောအခါ ဟက်စကီးခွေးကိုတောင် သွားသတိရသည်။
ကုရှီ : "..."
ဘယ်လိုတောင် ရူးကြောင်ကြောင်အပြုံးလဲ?
စောစောကလေးတင် ချောမောတဲ့ ကျောင်းသားဖြစ်ခဲ့တာလေ ..အခုတကယ်ကို အရူးကြီးလား?
ကုရှီ သည် ငြီးတွားရင်း ထိုကဲ့သို့ ထူးဆန်းတဲ့လူကို ရှောင်တိမ်းဖို့ တွေးမိပြီးမသိမသာရှောင်ထွက်လိုက်သည်။
" ဘာကိစ္စရှိလို့လဲ?"ကုရှီ မေးလိုက်တယ်။
ကုရှီ၏အကြည့်များက – ငါ နင့်ကိုမသိဘူး။နင် ဘယ်သူလဲ? ဟုပြောသည်။
ဒါကိုမြင်တော့ ကုချန်းရီရဲ့အပြုံးက အနည်းငယ်တင်းမာသွား၏။ရှီရှီ က သူတို့ ဘယ်သူမှန်းမသိသေးတာ သူ မေ့လုနီးပါးဖြစ်သွားတာပဲ။
ဒုတိယဦးလေးရဲ့စရိုက်နဲ့ဆိုရင် ရှီရှီ ကို သူတို့အကြောင်း ဒုတိယဦးလေး ပြောပြမှာမဟုတ်ဘူး။
အဖိုးကု သည် သူ့မြေးမရဲ့အရင်မိသားစုမှာ မကောင်းမွန်ခဲ့တာကြောင့်'မိသားစု' ဝင်များကို မြင်ရင် စိတ်ထိခိုက်မှာစိုးပြီး ကုမိသားစုမှာကုရှီဆီလာဖို့ အလွန်သတိထားခဲ့သည်။
အဖိုးကု သူ့မြေးမ ကို လာချောင်းကြည့်ဖို့သာ သတ္တိ ရှိခဲ့သည်။ရုတ်တရက်ဆိုသလိုသူ့မြေးမ ရှေ့ ပေါ်မလာရဲပေ။
ဒါ့ကြောင့် ကုချန်းရှီ က ကုရှီ ကို သူတို့က ဆွေမျိုးတွေပါလို့ မပြောပဲ သူတို့နဲ့တရားဝင်မိတ်ဆက်တဲ့နေ့အထိ စောင့်ဖို့ဆုံးဖြတ်ခဲ့တယ်။သူမ လန့်သွားတာမျိုး စိတ်အနှောက်အယှက်ဖြစ်တာမျိုးမလိုချင်ပေ။
YOU ARE READING
ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။
RomanceM-13. I Have Decided to Go Look for My Father. Paid- Completed. 3000MMK.