Ch-141 - "ဖိုးဖိုး သမီးကို တခြားပုံဟောင်းတွေ ပြပါလား? -၁"

494 49 0
                                    


Ch-141 - "ဖိုးဖိုး သမီးကို တခြားပုံဟောင်းတွေ ပြပါလား? -၁"

ထိုအချိန်က ကုချင်းဟွာသည် စစ်တပ်ထဲ၌ အလယ်အလတ်အဆင့်ရှိပြီး ပြောင်မြောက်သော စွမ်းဆောင်မှုနှင့်အောင်မြင်မှုများကြောင့် ကြယ်တစ်ပွင့်ကဲ့သို့ လင်းလက်နေခဲ့ပြီးစွမ်းရည်နှင့်သူ့အလားအလာသည်လည်း အကန့်အသတ်မရှိပေ။

အထက်လူကြီးသည် ကုချင်းဟွာ လျင်မြန်စွာမြင့်တက်လာတာကို မကြိုက်ဘဲသူ၏အနာဂတ်နဲ့အာဏာကို ခြိမ်းခြောက်လာတော့မယ်လို့ ခံစားရပြီး ကုချင်းဟွာကို ဖျက်ဆီးဖို့ ဒီအစီအစဥ်ကို အကောင်အထည်ဖော်ခဲ့သည်။

ကုချင်းဟွာ သည် သက်သေများစုဆောင်းပြီးအချိန်တိုတိုအတွင်း သူ့နာမည်ကို ရှင်းလင်းလိမ့်မည်လို့ မထင်ထားပေ။

တကယ်တော့ ရန်ဝမ်နီသည် ရောဂါကြောင့် သေတာမဟုတ်ပဲ အသတ်ခံခဲ့ရတာဖြစ်တယ်။

ရန်ဝမ်နီရဲ့အမှန်တရား မကြာခင်ပေါ် တော့မယ်ကို အထက်လူကြီး သိနေတာကြောင့် "ရန်ဝမ်နီက ကုချင်ဟွာ ကို နှောက်ယှက်တဲ့အတွက်ကုချင်ဟွာက သတ်လိုက်တယ်။သူ့အနာဂတ်မထိခိုက်စေလို့ သတ်လိုက်တာလို့ " ကြိုးကိုင်ချင်ခဲ့တယ်။

ကံမကောင်းစွာပဲ ထိုအစီအစဥ်လည်း မအောင်မြင်ခဲ့ပေ။

ကုချင်းဟွာကို ကြံစည်ဖို့ ကျဆုံးသွားခဲ့တော့ အထက်လူကြီးက ရန်ဝမ်နီ ဖျားနာပြီး သေဆုံးတယ်လို့ တံဆိပ်တပ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ပေ။

ထို့နောက်ဆက်တွဲရဲ့ရလဒ်ကြောင့် အချိန်ခဏအကြာ ထိ ထိုအထက်လူကြီးရဲ့နာမည်လည်း နိမ့်ကျသွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကုချင်ဟွာ ကို ဖျက်ဆီးပြီး ကုမိသားစုကို ဖျက်ဆီးလိုသော ရည်ရွယ်ချက်ကိုလုံးဝလက်မလျှော့ပေ။တကယ်တော့ ကုချင်ဟွာကြောင့် ကုမိသားစုရဲ့ဂုဏ်သတင်းမြင့်သည်ထက်မြင့်လာခဲ့သည်။အမှောင်ထဲကလူရဲ့အကြံအစည်က ကုမိသားစုကိုဖျက်ဆီးသည့်အကြံအစည်သည် နှစ်ပေါင်းများစွာကြာပြီးနောက် အောင်မြင်ခဲ့သည်။

သားအရင်းဖြစ်သည့် ကုယောင်ဘိုင်ကို ကုမိသားစုထဲကနေ လုံးဝမခေါ် ထုတ်ပေ။တူညီတဲ့ခေါင်မိုးအောက် ကုယောင်ဘိုင် ကုမိသားစုရဲ့သားတစ်ယောက်လို နေထိုင်ခဲ့ပြီး အခြားသူများရဲ့ဝေဖန်မှုကိုအမြဲခံရတယ်။သူ့ဆန္ဒကလည်း ကုမိသားစု သား ၃ ယောက်ရဲ့နာမည်ကို ဖျက်ဆီးချင်တာဖြစ်တယ်။

လင်းရီဇီ သည်ကုရှောင်းကို ဖျက်ဆီးဖို့အခွင့်အရေးရခဲ့ပြီး ကုရှောင်းသည် မွဲတေကာ ဂုဏ်သတင်းလည်း ဖရိုဖရဲဖြစ်ခဲ့သည်။

"ဒါက အရမ်းကြောက်ဖို့ကောင်းတာပဲ......"

နိုဗယ်ထဲက အသေးစိတ်အချက်အလက်များပြန်မတွေးရင်တောင်မှ ကုရှီရဲ့ကျောရိုးကိုရုတ်တရက်အေးစက်သွားစေသည်။

အစကဇာတ်လိုက်နဲ့ဇာတ်လိုက်မင်းသမီးတို့ရဲ့ဒေါသထွက်ဖို့ကောင်းတဲ့ နိုဗယ်အမျိုးအစားထဲ ရိုင်းစိုင်းပြီးကိုယ်ကျင့်တရားဆိုးဝါးတဲ့ ဦးနှောက်ပျက်နေသည့် အချစ်ဇာတ်လမ်းထဲ၌ သူမရှိနေတယ်လို့ထင်ခဲ့သည်။သူမ လက်လှမ်းမမီနိုင်သော ကြောက်စရာကောင်းသော အဖြစ်အပျက်များစွာရှိမည်လို့မထင်ထားပေ။

ပိုဆိုးတာက အမှောင်ထဲကနေ ကုမိသားစုကို ဆွဲချချင်တဲ့လူက အဖိုးကု ချစ်ခင်ရတဲ့ အဖိုးကုရဲ့ဆရာ ဖြစ်နေခဲ့ခြင်းဖြစ်သည်။

ကုရှီရဲ့ဇွန်းကိုင်ထားသည့်လက် တုန်ယင်လာပြီးလက်ဖဝါးမှ ချွေးများထွက်လာကာ လက်ဆစ်များ ဖြူသွားတာ သတိမထားမိပေ။

ကုရှောင်းသည် သူ့သမီးကို သတိထားမိပြီးအသံတိုးတိုးဖြင့် မေးလိုက်သည်။"ဘာဖြစ်လို့လဲ?"

သူ့ပါးပါးအသံကြောင့် ကုရှီ ခေါင်းခါယမ်းလိုက်မိသည်။

ကုယောင်ဘိုင် ဆီ တည့်တည့်ကြည့်လိုက်ပေမဲ့ အချက်ပေးသလိုဖစ်မှာစိုးတာကြောင့် ချက်ချင်း အကြည့်ပြန်လွဲလိုက်သည်။

ထမင်းစား စားပွဲမှထွက်သွားပြီး နိုဗယ်ထဲက ဇာတ်လမ်းအကျဥ်းချုပ်ကို ပါးပါးနဲ့အဖိုးကို ပြောပြဖို့ ကြိုးစားချင်သော်လည်း ပြောမထွက်ပေ။နိုဗယ်ဇာတ်လမ်းကိုပြောပြရင် သူမကိုရူးနေတယ်လို့ထင်နိုင်ပြီး လူဆိုးများကို သွားအကြောင်းကြားသလို ဖြစ်သွားလိမ့်မည်။

"ဘာမှမဟုတ်ပါဘူး" ကုရှီ ဇွန်းကိုင်ထားရင်း အသံတိုးတိုးနဲ့ပြောလိုက်သည်။

ကုရှောင်းသည် ကုရှီ အဆင်ပြေတာမြင်တော့ သူ့မျက်ခုံးပြေလျော့သွား၏။တိတ်တိတ်လေးမျက်လုံးပင့်ကြည့်သည်။

သူ့သမီး အရှေ့ကပန်းကန်များကိုကြည့်၍ ပြောလိုက်သည်။"မစားနိုင်ရင် စားဖို့မလိုဘူး"

ကုရှီ အဖိုးကုနဲ့ကောင်လေး ၃ ကောင်ရဲ့ကြင်နာမှု ကိုမငြင်းပယ်ပဲ သူ့ကိုယ်သူ အတင်းအကြပ်ခက်ခက်ခဲခဲ စားနေရမှာ ကုရှောင်းစိတ်ပူသည်။

ကုရှောင်း ပြော၍ ကောင်လေး ၃ ကောင်ကို တချက်ကြည့်လိုက်သည်။

"ဟုတ်"ကုရှီ ခေါင်းညိတ်လိုက်သည်။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Where stories live. Discover now