Ch-115: "ထောင်ချီဖန် မပြောခင် ဖုန်းချလိုက်တယ်-၂"
"ထောင်ချီဖန်က သူ့ကိုဆွဲချခဲ့တာ နင်။စိတ်အနှောက်အယှက်ပေးတာ နင် လို့ စွပ်စွဲခဲ့တယ်တကယ်ကိုသတ္တိရှိတာပဲ !" တစ်ယောက်ယောက် ကမကျေမနပ်ထပြောလာသည်။။
"အတိအကျပဲ။လီမင်းကျောင်းက လူတွေလည်းမင်းနဲ့ထောင်ချီဖန် အမှတ်ကို စစ်ဆေးပြီးပြီ။သူတို့ နင့်ကိုကြည့်ဖို့တောင်တအားရှက်နေကြတယ်"
အဲလိုလား?
ကုရှီ လီမင်းကျောင်းဘက် လှမ်းကြည့်လိုက်တော့ သေချာပေါက် လီမင်ကျောင်းကလူများခေါင်းငုံ့ထားကြသည်။
ရုတ်တရက် လီမင်ကျောင်းမှ ဂျုနီယာကောင်လေး တစ်ယောက် မတ်တပ်ထရပ်ပြီး ကုရှီ ဆီလျှောက်လာသည်။ထိုကောင်လေးက ရှက်ရွံ့စွာဖြင့်ပြောလာသည်။"တောင်းပန်ပါတယ်။မနှစ်က ငါမင်းကိုအထင်လွဲခဲ့တယ်။"
မနှစ်က အဖြစ်အပျက်တွေကိုတွေးမိပြီး ထိုကျောင်းသား စိတ်မကောင်းဖြစ်မိသလို ရှက်လည်းရှက်မိသည်။မနှစ်က သူလည်း ပါဝင်ယှဥ်ပြိုင်ခဲ့သည်။ဒါပေမဲ့ နောက်ဆုံး ပြိုင်ပွဲအမှတ်များကြောငြာပြီးနောက် ထောင်ချီဖန်က ဆရာများကနောက်ကွယ် ကုရှီ က သူနဲ့မပူးပေါင်းပဲ တူညီတဲ့မေးခွန်းတွေ ဖြေဆိုလို့ မေးခွန်းတွေမှားပြီး အမှတ်နိမ့်သွားကြောင်း ပြောပြခဲ့သည်။
ထိုအချိန် လူတိုင်းထောင်ချီဖန် ဘက်က ဖြစ်ပြီး သံသယမဝင်ခဲ့ကြပေ။ကုရှီ ကိုအသင်းသားအနေနဲ့မမြင်ခဲ့ပဲ သူတို့ကိုဆွဲချတာကြောင့် ဝိုင်းပယ်ခဲ့ကြသည်။
အမှန်တရားက လုံးဝဆန့်ကျင်ဘက်လို့ ဘယ်သူထင်မှာလဲ။
သူတို့၏မျက်နှာများသည် လွန်ခဲ့သော တစ်နှစ်ခန့်တည်းက ခံစားရသလိုမျိုး နာကျင်နေပြီဖြစ်သည်။
ကုရှီနဲ့စကားပြောပြီးချိန် ထိုကောင်လေးက ကုရှီ ကို ထပ်မကြည့်ရဲဘဲ စောင့်ဆိုင်းနေရာကနေ တည့်တည့်ထွက်သွားသည်။ထွက်မလာသေးတဲ့ ထောင်ချီဖန်နှင့် ယုဖန်ဖန်ကို မစောင့်ခဲ့ပေ။
ပြိုင်ပွဲအချိန်စေ့သွားသောအခါ စက်ကိရိယာ၏ စခရင်န် ပိတ်ကျသွားတာကြောင့်ထောင်ချီဖန်ကဘောပင်ကို ပစ်ချလိုက်ပြီး အကြမ်းစာရွက်အားလုံးကိုဘောလုံး လိုလုံးချေကာလွှင့်ပစ်လိုက်သည်။ဝန်ထမ်းများအထပ်ထပ်အခါခါတိုက်တွန်းမှုအောက် တခြားသူများနှင့်အတူခန်းမ မှထွက်လာခဲ့သည်။
YOU ARE READING
ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။
RomanceM-13. I Have Decided to Go Look for My Father. Paid- Completed. 3000MMK.