Ch-145-"ထိုမတော်တဆ သာမရှိ ရင် 'ကုရှီ' ရှိလာမှာမဟုတ်ဘူး-၂"
ထိုမတော်တဆအား နောက်ကွယ်မှ ကြိုးကိုင်သူမှာ ကုယောင်ဘိုင် ကို နောက်ကွယ်၌ ကြိုးကိုင်သူနဲ့အတူတူဆိုသည်ကို တွေ့ရှိခဲ့သည်။ထိုသူ ကသာမန်လူမဟုတ်။အမှန်တော့ အဖိုးကုရဲ့လေးစားရတဲ့ ဆရာဟောင်း တစ်ယောက်ဖြစ်တယ်။
တခြားအကြောင်းပြချက် က အဖိုးကုနှင့်ကုရွမ်တို့ကုယောင်ဘိုင် ကိုနောက်ကွယ်ကနေကာကွယ်ပေးခဲ့ပြီး ကုရှောင်းလည်းမတားခဲ့ပါ။။
အခြားသူများနှင့်ပတ်သတ်လို့ ကုရှောင်းသည် အဖိုးကုကို အပြစ်တင်ခဲ့ပြီး ကုမိသားစုကနှုတ်ထွက်ခဲ့သည်။
တကယ်တော့ ကုရှောင်းကကုမိသားစုရဲ့အကြီးအကဲ တာဝန်ကိုလွှဲပြောင်းယူလိုက်တာဖြစ်သည်။သူက ကုမိသားစုက ထွက်လာပုံရပေမဲ့ တကယ်တော့ တခြားကုမိသားစုဝင်များကို ကာကွယ်ဖို့ ဖြစ်သည်။
"အိုက်ယား ဘယ်ကောင်လဲ? " ကုရွမ် သက်ပြင်းချ၍ ပြောလိုက်သည်။"ကုယောင်ဘိုင် ဒါတွေအားလုံးဖြေရှင်းဖို့ အဓိကသော့ကိုသာမကိုင်ထားရင် ငါတို့ သူ့ကို အရင်ကတည်းက ဂရုစိုက်လိုက်တာ ကြာပြီ"
ကုဖန်၏မတော်တဆထိခိုက်တာ နှင့် ပတ်သက်ပြီးကုယောင်ဘိုင်နဲ့အများကြီးမသက်ဆိုင်ပါ။မည်သို့ပင်ဆိုစေကာမူ စေ့စပ်ပွဲကျင်းပသည့်နေ့၌ဖြစ်ပျက်ခဲ့သမျှအတွက် တာဝန်ရှိသူထဲက တစ်ယောက်ဖြစ်သည်။
- ထိုအချိန်က ကုရွမ် သူ့ဇနီးနဲ့စေ့စပ်ချိန်ဖြစ်တယ်။ခပ်စောစောကလေးယူဖို့မစီစဥ်ထားပါ။တဖက်တွင် ကုယောင်ဘိုင် သူ့ကို ကြံစည်ခဲ့သည်။သူ့အစီအစဥ်က ကုရွမ်ရဲ့ဇနီးနဲ့ကုရှောင်း ရင်းနှီးစေအောင်(အတူအိပ်ဖြစ်အောင်)စီမံတာဖြစ်သည်။နောက်တနေ့ ထိုကိစ္စပေါ်သွားခဲ့သည်။
ကံကောင်းတာက ကုရှောင်းက သူ့ခန္ဓာကိုယ်တစ်ခုခုဖြစ်နေတာ သတိထားမိခဲ့သည်။မဟုတ်ရင် ထိုအချိန် ကုမိသားစုထဲ ရူပ်ယှက်ခတ်နေမှာ သေချာသည်။
ဟုတ်တယ်။အဲအချိန်ကမတော်တဆကြောင့်သာမဟုတ်ရင် ချစ်စရာကောင်းတဲ့ ရှီရှီ ရှိလာမှာမဟုတ်ဘူး။မည်သို့ပင်ဆိုစေကာမူ ကုယောင်ဘိုင်လုပ်ခဲ့သည်များ က အဆင်မပြေဘူး။အဆုံးမှာ သူရထိုက်တာကို ရလိမ့်မယ်။
YOU ARE READING
ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။
RomanceM-13. I Have Decided to Go Look for My Father. Paid- Completed. 3000MMK.