Ch-5 : အဝေးပို့ခြင်း-၂
စုန့်ကဲရှင်းကို စည်းရုံးလို့ရလုနီးပါးဖြစ်နေသည်ကို ကြည့်ရင်း ကျန့်လျို ကဆက်ပြောပြသည်။" ဒီမှာထားရင် မင်းကို စိတ်အနှောက်အယှက်ဖြစ်စေသလို ရှင်းရှင်း အတွက်လည်း ပတ်ဝန်းကျင်မကောင်းဘူး။ရွာကိုပို့လိုက်ရင် ရီဇီ၊သမီး ငါတို့ရဲ့ရှင်းရှင်းနဲ့ဒီမိသားစုအတွက် ကောင်းတယ်။သူ့အတွက်လည်း ကောင်းတယ်။ရှင်းရှင်းကိုမဆန့်ကျင်တော့ပဲ မနာလိုဖြစ်စရာလည်းမလိုတော့ဘူး။"
"ဒီမှာ... ပြောရရင် တစ်ခုခုလုပ်ဖို့လိုတယ်။နိုင်ငံရပ်ခြား ပို့မလား?ဒါမှမဟုတ် မြို့က ထွက်သွားအောင်လုပ်မလား?ဒါမှမဟုတ် သူ့ကျန်းမာရေးမကောင်းလို့ ကျေးလက်မှာ ခဏနေရမယ်လို့ပြောလိုက်။ဒါဆို ကောလဟ ထွက်မှာမဟုတ်ဘူး"
ဒါက သေချာပေါက် အဓိပ္ပါယ်ရှိသည်။
စုန့်ကဲရှင်း ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို အမေ ကျန့်ကျုးနဲ့ဆက်သွယ်ပြီးပြီလား?။သူမ အဆင်ပြေပါ့မလား?"
ကျန့်လျို သည်စုန့်ကဲရှင်း၏လက်ကို ပုတ်၍ပြောပြသည်။ "စိတ်မပူနဲ့တစ်ယောက်ယောက်ကို မေးထားတယ်။သူ မလုပ်ဘူးလို့ပြောမှာမဟုတ်ဘူး။သူ့ကို လစဥ် နေထိုင်စရိတ် နည်းနည်း ပေးဖို့ပဲလိုအပ်တယ်။"
စုန့်ကဲရှင်း ခေါင်းညိတ်လိုက်သည်။ကျေးလက်၌ နေထိုင်စရိတ် ဈေးမကြီးပေ။စားဝတ်နေရေးစရိတ် နည်းနည်းပေးရတာ ကြီးကြီးမားမားတော့ မဟုတ်။
"ကောင်းပြီဒါဆိုပြေလည်သွားပြီ။" စုန့်ကဲရှင်းသည် နည်းနည်းတွေးကြည့်၍ သဘောတူခဲ့သည်။လင်းရှီ ကဤနှစ်များတစ်လျှောက်လုံး သူမကို ပင်ပန်းစေခဲ့သည်။အရင်က သတိမထားမိပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ ပိုပိုပြီး ပင်ပန်းနွမ်းနယ်လာသည်။ခင်ပွန်းဖြစ်သူအပေါ် သစ္စာမဲ့တယ်လို့တောင်ခံစားခဲ့ရသည်။
"လင်းရှီ မယုံမှာစိတ်ပူတယ်..." စုန့်ကဲရှင်းကစိတ်ရှုပ်သောအကြည့်နဲ့ပြောပြသည်။
"စိတ်မပူပါနဲ့။အမေဂရုစိုက်ပါ့မယ်..."
လင်းရှီ သည် ၎င်းတို့အားလုံးကိုကြားဖို့ လုံလောက်ခဲ့သည်။
VOUS LISEZ
ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။
Roman d'amourM-13. I Have Decided to Go Look for My Father. Paid- Completed. 3000MMK.