Ch-96 : "ကုရှီ လီမင်ကျောင်းနာမည်ကြားပေမဲ့ အာရုံသိပ်မစိုက်ဘူး-၄"

1.2K 118 3
                                    

Ch-96: "ကုရှီ လီမင်ကျောင်းနာမည်ကြားပေမဲ့ အာရုံသိပ်မစိုက်ဘူး-၄"

"ဘာ?" ကုချန်းရီ ကုရန်ရှောင် ဆီက မက်ဆေရရချင်း အနည်းငယ်ထိတ်လန့်သွား၏။

"Oh shoot! သွားပြီ !"

သူ Gpမှားပို့မိပြီ။

သူ ဒုတိယဦးလေးမရှိတဲ့ [One Happy Family] Gp ထဲ ပို့ဖို့ ရည်ရွယ်ခဲ့သော်လည်း လက်ချော်ပြီး ကုရှောင်း ရှိသည့် [Big Happy Family] Gp ထဲ ပို့မိခဲ့သည်။

ထို့အပြင် သူ၏ပထမဦးလေးနဲ့သူ့အဖေ မပါတဲ့ [Making the Family Happy]နဲ့[Big Happy Clan]ဆိုတဲ့ gp တွေလဲ ရှိသေးသည်။ဒါတွေ အားလုံး အဖိုးကုပေးထားတဲ့ နာမည်တွေ ဖြစ်သည်။

ဘာကြောင့် သူ့အဖိုး ဒီလောက် နာမည်ဆင်တူတွေပေးရသလဲ နားကိုမလည်ဘူး!အဖိုးကော သူ့သားမကောင်းကြောင်းတွေပြောချိန် Gp မှားပို့မိမှာစိတ်မပူဘူးလား?

အခု ၂ မိနစ်ကျော်သွားပြီဆိုတော့ သူ့မက်ဆေ့ချ် ကို ပြန်ဖျက်ဖို့နောက်ကျသွားပြီဖြစ်သည်။

ထို့ကြောင့် ကုချန်းရီဒုတိယဦးလေးထံမှ ပထမဆုံးသီးသန့်မက်ဆေ့ကို လက်ခံရရှိခဲ့သည်။

[နှစ်ကောင်ထဲကတစ်ကောင် ပြသာနာ တွေနဲ့ဝေးဝေးနေ]

အလွန်ရိုးရှင်းသောစာကြောင်းဖြစ်သော်လည်း ကုချန်းရီဖုန်း၏အခြားတဖက်ဆီကနေ ခြိမ်းခြောက်ပြောဆိုနေတာခံစားမိသည်။

[ဟုတ်ကဲ့ ဒုတိယဦးလေး။ရှီရှီကို စောင့်ကြည့်နေပါ့မယ်။]

[ကုရှောင်း : ငါ မင်းအကြောင်း ပြောနေတာ။]

[Oh ကျွန်တော်လား.....? ကျွန်တော် အဆင်ပြေပါတယ်] ကုချန်းရီကအပြစ်ရှိစိတ်နှင့်ပြန်ဖြေသည်။

ကုရှောင်း သည် ဘာမှမပြောဘဲ ကုချန်းရီဆီသို့ ငွေအချို့ ပို့ပေးခဲ့သည်။

ပို့လိုက်တဲ့ ငွေကို ကြည့်ပြီး ကုချန်းရီ,ခဗျားကြောင်အသွားတော့သည်။:နှစ်ကူးချန် စာအိတ်နီက လွဲပြီး ဒုတိယဦးလေးဆီက ငွေရတာ ဒါပထမဆုံးပဲ!

နေအုန်း.မဟုတ်သေးဘူး။ဒါရှီရှီ ကို ဂရုစိုက်ဖို့ ‌ဘတ်ဂျက်ငွေလား?

**

သူတို့ကားသည် ပန်းတိုင်သို့ လျင်လျင်မြန်မြန်ရောက်ရှိလာခဲ့သည်။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Donde viven las historias. Descúbrelo ahora