Ch-75

941 88 1
                                    

Ch-75 : "သူမ ထင်ယောင်ထင်မှားဖြစ်နေသလား မသေချာပေမဲ့ အနောက်ကို တစ်ယောက်ယောက် လိုက်လာတယ်လို့ခံစားရတယ်။-၂"

ကျောင်းတစ်ရက်တာ ပြီးဆုံးသွား၏။

ကုရှီသည် အတန်းထဲကလူတွေနှင့် အဆင်ပြေအောင် လိုက်လျောညီထွေနေခဲ့သည်။သူမ လီမင်းအထက်တန်း ကျောင်း၌တက်နေသလိုမျိုးခံစားရသည်။

ကျောင်းဆင်းတော့ ဖတ်စာအုပ်များကို ကျောပိုးအိတ်ထဲထည့်၍ကျောပိုးအိတ်ကို လွယ်လိုက်သည်။

သူမရဲ့အတန်းဖော်ဖြစ်သောဒေါင်မင်မင်မှ " ကုရှီ နင်ဘာလို့ လောနေတာလဲ?။ငါ့ကိုစောင့်ပါအုန်း...."

ဒေါင်မင်မင်က ကုရှီရဲ့လက်ကို လှမ်းဆွဲ၍ ကျန်သည့်လက်ဖြင့် စာအုပ်များနှင့် စာရေးကိရိယာများကို ကျောပိုးအိတ်ထဲအမြန်ပစ်ထည့်လိုက်သည်။

တစ်ချိန်တည်းတွင် ဒေါင်မင်မင်က ဝမ်းနည်းတဲ့ အကြည့်ဖြင့်မေးလာသည်။" နင်က နင့်ထိုင်ဖော်ထိုင်ဖက်လေးကိုအနောက်မှာချန်ခဲ့ဖို့ ကြိုးစားတာလား?"

ဒေါင်မင်မင်ရဲ့အလွန်ဖော်ရွှေတဲ့ အပြုအမူကြောင့် သူတို့နှစ်ယောက်ထိုင်ဖော်ထိုင်ဖက်အနေနဲ့တစ်ရက် သာရှိနေသေးပေမဲ့ အလွန်ရင်းနှီးနေပြီဖြစ်သည်။

ကုရှီသည် ဒေါင်မင်မင်ရဲ့စကားကြောင့် ရုတ်တရက် ကြောင်အသွားတော့သည်။

"မဟုတ်ဘူး။ငါ ပြသာနာတစ်ခုတွေးနေတာ"

"ဘာပြဿနာလဲ? ငါတို့လုပ်ခဲ့တဲ့ နောက်ဆုံးသင်္ချာလား? ငါ ဘယ်နည်းနဲ့မဆို ဖြေရှင်းဖို့ ကြိုးစားတိုင်းအဖြေက 0 ပဲ ဖြစ်နေတယ်။"

"အမ်"

လီမင်းကျောင်း၌ ကောလဟာလများကြောင့် ‌အချိန်ကြာလာသည်နှင့်အမျှ သူမနဲ့စကားပြောချင်တဲ့လူ နည်းလာခဲ့ကာသူမနဲ့ဘယ်သူ့မှမထိုင်ချင်ကြပေ။

ဒါ့ကြောင့် ကုရှီ အတန်းပြီးတာနဲ့အမြန်သိမ်းဆည်းပြီး ထွက်သွားတက်သည်။

တဖက်၌ ဒေါင်မင်မင်သည် သိမ်းဆည်းတာ ပြီးသွားသောအခါ ကုရှီ၏လက်ကို ကိုင်၍ ပြောလိုက်သည်။" သွားစို့ "

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Where stories live. Discover now