Ch-109:"အချိန်တိုတိုအတွင်း လူအများရှေ့ ကွပ်မျက်ခြင်း-၂"
အချိန်အကန့်အသတ် ပြိုင်ပွဲစတင်သောအခါ ကုရှီနဲ့ရှန်းရိူးရန်တို့ တိတ်တဆိတ် ဖြေဆိုကြသည်။နှစ်ယောက်ထဲက တစ်ယောက် အပေါ် ပိုင်း က စတင်၍ နောက်တယောက်က အောက်ပိုင်းက စတင်သည်။
တစ်ချိန်တည်းမှာပဲ စောင့်ဆိုင်းဧရိယာနှင့် အနားယူဧရိယာအတွင်း၊ကြီးမားသောစခရင်နှစ်ခုပေါ်ရှိ displayမှာ ကော်လံနှစ်ခုပြောင်းသွားသည်။
ပါဝင်သောကျောင်း သူ 26 ယောက်ရဲ့နံပါတ်များ"1"နှင့်"2"ပေါ်လာသည်။
"ဒါ ဘာလဲ?" တော်တော်များများ သိချင်ကြသည်။
"ကျောင်းသားတွေရမှတ်တွေကို တိုက်ရိုက်ပြသမှာလား"
အခု ပြိုင်ပွဲက မေးခွန်းစာရွက်မဟုတ်ပဲ စက်ကိရိယာပေါ်မေးခွန်းပေါ်တာဖြစ်လို့ အမှတ်ပေးတာပိုမြန်သည်။
"အဲဒါဆိုရင် နံပတ်'၁'နဲ့'၂' စတာတွေကကျောင်းသားတွေကို ကိုယ်စားပြုတာလား?"
"ကောင်းပြီ ဒါဆို တစ်ဖက်က အမဲစက်တွေ က များဖြစ်မလဲ? "
လူတိုင်းထင်ကြေးပေးကြသည်။
အမှတ်တမဲ့ ဂဏန်းတစ်ခုစီရဲ့အနောက်အစိမ်းရောင်အစက်လေး လင်းလာပြီး အစိမ်းရောင်အစက်တစ်ခုစီရဲ့အထက်၌ နောက်ထပ်နံပါတ်တစ်ခု ပေါ်လာတယ်။
"အိုး ရှစ်.! ဒါ လူတိုင်းရဲ့လက်ရှိအနေအထား ဖြစ်မလား။? " တစ်စုံတစ်ယောက်က အံ့သြစွာအော်လိုက်သည်။
အစက်တစ်ခုစီသည် အဖြေမှန်ကို ဆိုလိုသည်။အထက်ဖော်ပြပါနံပါတ်သည် သက်ဆိုင်ရာမေးခွန်း၏နံပါတ်ဖြစ်သည်။
"OMG...။ကဲ အခု ပြိုင်ပွဲကို တိုက်ရိုက်ကြည့်နေရတာလား?" လူတစ်ဦး၏ အချိန်နှင့်တစ်ပြေးညီ မည်သို့လုပ်ဆောင်သည်ကို မြင်နိုင်သည်။၎င်းသည် ဘတ်စကတ်ဘောဂိမ်း၏ စာသားအပ်ဒိတ်ကို ကြည့်ရှုခြင်းထက် ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းသည်တယ်လို့ ငြင်းခုန်ကြလေသည်။
စိတ်လှုပ်ရှားရုံသာမက ကြောက်စရာဖို့လည်းကောင်းသည်။
အစိမ်းရောင်အစက်များအပြင် အနီရောင်အစက်များ စတင်ပေါ်လာသည်။
YOU ARE READING
ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။
RomanceM-13. I Have Decided to Go Look for My Father. Paid- Completed. 3000MMK.