Ch-114 : "ထောင်ချီဖန် မပြောခင် ဖုန်းချလိုက်တယ်-၁"

1.4K 100 3
                                    

Ch-114 : "ထောင်ချီဖန် မပြောခင် ဖုန်းချလိုက်တယ်-၁"

ကုရှီနှင့်ရှန်းရိူးရန်တို့ သည် ဖြေဆိုပြီးနောက် ခန်းမ မှထွက်လာကြသည်။

စောင့်ဆိုင်းရာနေရာသို့ပင် မလျှောက်လှမ်းမီခင်HSAU ကျောင်းက လူအားလုံး စိတ်လှုပ်ရှားစွာရောက်လာကြသည်။

"သူတို့ဒီမှာ! သူတို့ဒီမှာ!"

"နတ်ဘုရား ရှန်း၊နတ်ဘုရားမရှီ၊အံ့သြစရာပဲ!"

"မြန်မြန်၊မြန်မြန် ငါတို့နတ်ဘုရားနှစ်ပါး။ဘယ်လိုအောင်မြင်ခဲ့သလဲ မျှဝေပေးပါဦး!"

"ဟုတ်တယ်။ဟုတ်တယ် မင်းတို့အခုဘယ်လိုခံစားရသလဲ မေးခွန်းတွေအတူဖြေရှင်းချိန် ပျော်ကြလား?"

ကုရှီသည် သူတို့ အသင်းဖော်များ၏ စိတ်လှုပ်ရှားမှုကြောင့် ရူပ်ထွေးသွားသည်။_ ဘာတွေဖြစ်နေတာလဲ?

"ဘာတွေဖြစ်နေတာလဲ?" ကုရှီ သံသယဖြင့် မေးလိုက်သည်။

သူမဘေးနားရှိ ရှန်းရိူးရန်လည်း ရူပ်ထွေးနေသည်။

"အဆင့်တွေ ထွက်နေပြီလား?"

"ဟုတ်တယ်။နင်တို့မသိပေမဲ့ ငါတို့ အချိန်အကန့်အသတ်စတာနဲ့နင်တို့မေးခွန်းအားလုံးဖြေနေတာကို ကြည့်နေတာ"

_ စုစုပေါင်းမေးခွန်း 600။အားလုံးကို မှန်ကန်အောင်လုပ်ဖို့က ကြောက်စရာကောင်းလှသည်။

မေးခွန်းပြဿနာများအတွက် "အာရုံ " ရခြင်းသည် သူတို့ "ဘယ်တော့မှ" ရကောင်းရနိုင်သည့် အရာမဟုတ်ပေ။

"တကယ်လား?!" ကုရှီ လည်း သူတို့ပြောတာ ကြားတော့ အံ့ဩဝမ်းမြောက်သွား၏။ဒီတခေါက် ပြသာနာတွေက သိပ်မခက်ခဲပဲ ချောမွေ့တယ်လို့ခံစားရသည်။အားလုံး မှန်ကန်လိမ့်မယ်လို့ မထင်ထားပေ။

အမှန်တော့ ကုရှီ အရင်နှစ်ကလည်း ဆိုးဆိုးဝါးဝါးမလုပ်ခဲ့ပါ။ဒါတွေအားလုံးက မာနကြီးတဲ့ ဝက်အသင်းဖော် ထောင်ချီဖန်ကြောင့် ရှက်စရာဖြစ်ခဲ့ရခြင်းဖြစ်သည်။

"ဟုတ်တယ်။စောင့်ဆိုင်းနေရာမှာ အမှတ်တွေရှိသေးတယ်။နင် ကိုယ်တိုင်သွားကြည့်ကြည့်" တိုက်ရိုက်ပါဝင်သူ များ မဟုတ်သော်လည်း တူညီသောကျောင်းမှ ကျောင်းနေဖက်များအနေဖြင့် စောင့်ဆိုင်းနေသည့်နေရာရှိ အခြားကျောင်းများအားလုံးရှေ့တွင် ဂုဏ်ယူနေကြဆဲဖြစ်သည်။

"ကျေးဇူးပြုပြီး ငါတို့နတ်ဘုရားနှစ်ပါး ရှေ့မှောက်ဦးညွှတ်ခွင့်ပြုပါ။" သူတို့ထဲက ကျောင်းသားတွေက ဟာသရောနှောပြောဆိုလာသည်။

ကုရှီသည် သူတို့ကိုကြည့်ရင်း ရယ်မောလုနီးပါးပင်။

"ဒါဆို နောက်ဆုံးမေးခွန်းနံပါတ် 233 က တကယ်ပဲ ခန့်မှန်းလိုက်တာလား?"

"အင်း အဲလိုပဲ" ကုရှီ ခေါင်းညိတ်လိုက်သည်။

"အိုး shit ! မယုံနိုင်လောက်အောင်ကံကောင်းလိုက်တာ!"

HSAU ကျောင်း ဘက်ခြမ်း၌ အရမ်းအသက်ဝင်နေပြီးလီမင်ကျောင်း ဘက်ခြမ်း၌ပိုမှောင်မဲနေသည်။

ကုရှီနှင့်အခြားသူများ စောင့်ဆိုင်းရာနေရာအတွင်း လျှောက်လာတော့ လီမင်းကျောင်းမှ လူများ ခေါင်းငုံ့ကာ ထွက်သွားကြသည်။

ကုရှီ ရူပ်ထွေးသွားသည်။ဘေးနားက ‌ရန်မြောင်မြောင်ကို "ဘာတွေဖြစ်နေတာလဲ? ထောင်ချီဖန် ကောင်းကောင်းမလုပ်နိုင်ဘူးလား?" ဟုမေးလိုက်သည်။

"ဟမ့် ပိုမျှော်မှန်းမိကြတာ " ရန်မြောင်မြောင်က ရွဲ့စောင်းစောင်းဖြင့် ကုရှီ ကိုရှင်းပြသည်။" နင်မသိလို့။‌ ပြိုင်ပွဲ တစ်ဝက်ကိုရောက်တော့ ခန်းမ မြင်ကွင်းကို ပြသတယ်လေ။ထောင်ချီဖန် က အရမ်းရှက်ဖို့ကောင်းတယ် "

ပြိုင်ပွဲအတွင်း၌ ထောင်ချီဖန်က ဘောပင်ပစ်ချလိုက် အကြမ်းစာရွက်များ ကုန်သွားလို့ တခြားသူများဆီက ငှားလိုက်လုပ်နေခဲ့သည်။မေးခွန်းပြသာနာတစ်ခုတည်းအတွက် စာရွက်အများအပြားတွက်ချက်အသုံးပြုခဲ့ပြီးမှားယွင်းနေဆဲပဲ။အဆိုးဆုံးကတော့ ဘောပင်ကို ပစ်ချခဲ့သည်။။

ခြုံပြောရင် သူ့ကိုယ်သူ ကိုးရိုးကားယား ရှက်ကိုးရှက်ကိုးဖြစ်နေခဲ့သည်။

"ပိုရယ်ရတာကအဆုံးမှာ ပိုလုပ်လေပိုမှားလေပဲ။သူ့နံပတ်ရဲ့စခရင်န်ပေါ်အနီစက်တွေချည်းပဲ" တကယ်လို့ မှားတဲ့မေးခွန်းတွေကိုပဲ ဆုပေးသည့် သေချာပေါက် အနိုင်ရသူဖြစ်လိမ့်မည်။။

"အဲဒါက အကုန်မဟုတ်သေးဘူး။တခြားဘာတွေဖြစ်ခဲ့လဲ သိလား" အခြားသူများ စကားပြောနေရင်း စိတ်လှုပ်ရှားလာကြသည်။"အရင်နှစ်က ကျောင်းတိုင်းရဲ့အဆင့်နဲ့လူတစ်ဦးစီရဲ့အမှတ်တွေတင်ထားတယ်။"

"ပြောရရင် ကုရှီ၊နင့်အမှတ်တွေက တကယ်ပဲလား?"

လီမင်ကျောင်းက ဂန္ထဝင်ပုဂ္ဂိုလ် "လင်းရှီ"နဲ့ကုရှီ အတူတူပဲလား ဆိုတာ သူတို့မသိကြပေ။မည်သို့ပင်ဆိုစေကာမူ HSAU ကျောင်းမှ လူများ အတွက် ကုရှီ သည် လည်း လင်းရှီပဲဆိုတာ သတိထားမိခဲ့သည်။ဦးနှောက်သေတွေကိုကျေးဇူးတင်ရမှာပဲ။

ထို့ကြောင့်၊သူတို့ကုရှီ အပေါ် ပိုလေးစားပဲမနေနိုင်တော့။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Where stories live. Discover now