Ch-20:သူမက သူနဲ့တူတယ်လို့ သူတို့ကပြောတယ်?-၂

1.5K 172 0
                                    

Ch-20:သူမက သူနဲ့တူတယ်လို့ သူတို့ကပြောတယ်?-၂

နောက်ဆုံးတွင် လင်းရှီသည် အဝေးကို ပို့ခံရလိုက်ရပေမဲ့ အိမ်ထောင်စုစာရင်းကထုတ်ခံလိုက်ရတဲ့အကြောင်း မသိသေးချေ။

သူမသန့်ရှင်းတဲ့အဝတ်အစားများလဲ၍အစည်းဝေးခန်းထဲစိတ်ပူပင်ခြင်း ကင်းမဲ့စွာ ပြန်သွားပြီး စောင့်ဆိုင်းနေခဲ့သည်။

လင်းရှီသည် ကျောပိုးအိတ်ထဲ က စာအုပ်တစ်အုပ်ထုတ်ပြီး ဖတ်နေရင်း စောင့်ဆိုင်းနေခဲ့သည်။

အစည်းအဝေးခန်းထဲသူမကို ဘယ်သူမှ လာမနှောင့်ယှက်ဘဲ တိတ်ဆိတ်နေသည်။

ရူဖေး က စာရွက်စာတမ်း အနည်းငယ် ပြုစုပြီး ရုံးခန်းမှ ထွက်လာတော့27 ထပ်ခွဲ ရုံးခန်း၌ အမျိုးသမီး ဝန်ထမ်း အချို့ တီးတိုးပြောတာကြားရသည်။ထိုကောင်မလေးနှင့်သူတို့ ဘော့စ် ကြားကအကြောင်းအရာကို အတင်းတုပ်နေပုံပေါ်သည်။

"နင်နောက်နေတာလား?အဲမိန်ကလေးက ဘော့စ်နဲ့တူတယ်လို့ ပြောချင်တာလား?" ထိုဝန်ထမ်းအမျိုးသမီးအံ့အားသင့်သွားကာ "ဘော့စ်" ဆိုသည့် စကား ပါးစပ်ကထွက်ကျလာသည်။

" ငါနောက်နေတာမဟုတ်ဘူး။အဲမိန်းကလေးက ပေးတဲ့ ခံစားချက်ကတူတာ"

"ရောင်ဝါလား?ဘယ်လိုရောင်ဝါမျိုးလဲ?"

"ငါ အဲမိန်းကလေးအပေါ် လက်ညိုးထိုးပြောလို့မရဘူး။အဲမိန်းကလေးရဲ့စတိုင်၊အပြုအမူ၊အာ..ရောင်ဝါက ..သူတို့တကယ်တူတယ်။"

"ဒါဆို ကောင်မလေးက ဘော့စ်ရဲ့... အာ..နင်..... သိလား?"

"ရပ်....!ဘော့စ်ရဲ့ဆွေမျိုးမိသားစုထဲက ကလေးလည်း ဖြစ်နိုင်တာပဲ။"

"ဒါပေမယ့် ဘော့စ်ပံ့ပိုးပေးတဲ့ ကျောင်းသူ ဖြစ်သင့်တာမဟုတ်လား"

ရူဖေး သည်လည်ချောင်းသံတချက်ဟန့်၍ သူတို့ စကားဝိုင်းကိုရည်ရွယ်ချက်ရှိရှိ နှောက်ယှက်လိုက်သည်။လူအနည်းငယ် လန့်ဖျပ်သွားပြီး အနားယူချိန် အမြန်အဆုံးသတ်ကာသက်ဆိုင်ရာစားပွဲသို့ ပြန်သွားကြတယ်။

ရူဖေး သည် ကြောင်အစွာရပ်နေသည်။သူတို့ ဘာပြောလိုက်တယ်?ကလေးက ဘော့စ်နဲ့တူတယ်?သူဘာလို့ သတိမထားမိတာလဲ?

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Où les histoires vivent. Découvrez maintenant