Ch-155

255 30 0
                                    

Ch-155 :"မိသားစု သူငယ်ချင်း? ဟုတ်တယ်. စိတ်ပူဖို့မလိုဘူး? မသေချာပေါက် ဟုတ်မနေဘူး-၁"

ကုရှီ မှာ သူ့မေးခွန်းကထူးဆန်းတယ်လို့ ခံစားနေရသည်။သူမ တစ်ခုခုဖြစ်သွားပြီး စိတ်ရူပ်ထွေးသွားသည်။

[မင်းငါ့ကိုသိလား။]

တစ်ဖက်တွင် ကုရှီ၏မက်ဆေ့ ကိုလက်ခံရရှိပြီးနောက်[AAA]၏လက် မှာ တုန်ယင်နေတော့သည်။

သူအလိုလိုပြန်ဖြေမိသည်။- [မဟုတ်ဘူး၊ငါမသိဘူး။]

သူ့အဖြေက တိကျပြီး ပြတ်သားလှသည်။

ကုရှီသည် ချက်ချင်းနီးပါး ပြန်ဖြေသည့်စကားလုံးသုံးလုံးကို ကြည့်ပြီးထူးဆန်းသလို ခံစားလိုက်ရသည်။

အချိန်အနည်းငယ်ကြာအောင် စောင့်ခဲ့ပေမဲ့ အံ့ဩဖို့ကောင်းတာက[AAA] ဆီက အခြားမက်ဆေ့များမရပေ။

ဒါပဲလား? သူမနာမည်ကို ကုရှီ လား? လို့ မေးခဲ့ပြီး တခြားဘာမှမရှိတော့ဘူးလား?

ဒါအကုန်ပဲလား? အခြားတစ်ခုခုပြောမှာမဟုတ်ဘူးလား?

ဒါ[AAA]ရဲ့စရိုက်မဟုတ်ဘူးလို့ ခံစားရသည်။ဘယ်လိုပဲဖြစ်ဖြစ် ကုရှီ အတော်ကြာစဥ်းစားနေခဲ့သည်။

သူမနဲ့စကားလက်ဆုံကျတဲ့ ကောင်လေးက ရှန်းရိူးရန် ဆိုတာ သူမ ဘယ်တော့မှ မှန်းဆလို့မရခဲ့ချေ။

ကုရှီ ဒီအတိုင်း သဘောထားလိုက်ပြီး အိပ်ရာဝင်ချိန်တွင် ရှန်းရိူးရန်ကတော့ လက်ထဲကိုဖုန်းအထိတ်တလန့် ကြည့်နေခဲ့သည်။

ရှန်းရိူရန် က တကယ်ပဲ X ကို ကောင်လေးတစ်ယောက်လို ဆက်ဆံခဲ့သည်။

'သူ' ကမိန်းကလေးဖြစ်ပြီး သူသိတဲ့မိန်းကလေးဖြစ်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ?

ရှန်းရိူးရန်သည် သူတို့ရဲ့အရင်မက်ဆေ့များကို ကြည့်ပြီး ရုတ်တရက် ပိုဆိုးဝါးသွားတော့သည်။

သူဘာတွေပို့မိလိုက်တာလဲ?!

ဒီစာတွေကို ကြည့်ရတာ နည်းနည်းလေးတောင်သည်းမခံနိုင်ဘူး။ပြန်ဖျက်လို့ရနိုင်မလား? မဟုတ်ဘူး ...သူ စာတွေအားလုံးဖျက်ဆီးပစ်ချင်တယ်!!

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Where stories live. Discover now